// | DailyBriefNews ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန် -

ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်

ယာယီသမ္မတ ဦးမြင့်ဆွေသည် ယနေ့ ဩဂုတ် ၇ ရက်၊ မနက် ၈နာရီ ၂၈မိနစ်အချိန်တွင် အမှတ်(၂)တပ်မတော်ဆေးရုံကြီး၊ ခုတင်၁၀၀၀၌ ကွယ်လွန်သွားကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက သတင်းထုတ်ပြန်လာသည်။

ကွယ်လွန်ချိန်တွင် အသက် (၇၄) နှစ် ရှိပြီဖြစ်ကာ ယာယီသမ္မတ ဦးမြင့်ဆွေသည် အာရုံကြောတွေ နှေးကွေးတုန့်ဆိုင်းသည့် ရောဂါ (Parkinson’s Disease) အပြင် ထိုရောဂါနှင့် ဆက်စပ်ဖြစ်ပေါ်သည့် အာရုံကြော အားနည်းရောဂါများ ရှိနေသည်။

ယာယီသမ္မတ ဦးမြင့်ဆွေ၏ ကွယ်လွန်မှုအတွက် ဩဂုတ် ၇ ရက်မှ ၉ ရက်နေ့အထိ နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်း အထိမ်းအမှတ်ကာလအဖြစ် သတ်မှတ်ကြောင်းအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့တွင် ထုတ်ပြန်ခဲ့သည်။ ယာယီသမ္မတ ဦးမြင့်ဆွေ၏ဈာပနကို နိုင်ငံတော်ဈာပနအဖြစ် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရ အဖွဲ့၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် နှင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီတို့က ဝမ်းနည်းကြေကွဲကြောင်းထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရိုမန့်ဒရာမာဇာတ်လမ်းပုံစံ“မက်မက်မောမောမုန်း” ရုပ်ရှင်ဇာတ်ကားကြီးမိတ်ဆက်ကန်တော့ပွဲပေးပွဲကျင်းပ
Next post (၈-၈-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်