// | DailyBriefNews Night at the Museum ပြန်ရိုက်မယ် -

Night at the Museum ပြန်ရိုက်မယ်

Night at the Museum ရုပ်ရှင်ကို 20th Century Studios က ပြန်လည်ရိုက်ကူးဖို့ ပြင်ဆင်နေတယ်လို့ Entertainment Weekly က ဖော်ပြထားပါတယ်။ ဒီတစ်ခေါက်မှာတော့ မူရင်းရုပ်ရှင်တွေရဲ့ ဒါရိုက်တာ Shawn Levy က 21 Laps Entertainment ကုမ္ပဏီအောက်မှာ ထုတ်လုပ်သူအဖြစ် ပါဝင်မယ်လို့သိရပါတယ်။

ဒါ့အပြင် ဒီရုပ်ရှင်ဟာ ဇာတ်ကောင်အသစ်တွေပါဝင်လာမှာဖြစ်ပြီး တော်တော်မိုက်တဲ့ ဇာတ်လမ်းတစ်ခုကိုပါ ပြသမယ်လို့ Deadline က ပထမဆုံး သတင်းဖော်ပြထားပါတယ်။

Night at the Museum ကို ၂၀၀၆ မှာ ပထမဦးဆုံး စတင်ပြသခဲ့ပြီး ဒီရုပ်ရှင်မှာ Ben Stiller က အလုပ်သစ်လိုအပ်နေတဲ့ ကွာရှင်းထားတဲ့ အဖေနေရာက သရုပ်ဆောင်ခဲ့ပြီး သမိုင်းပြတိုက်မှာ ညစောင့်အဖြစ် အလုပ်ဝင်ခဲ့ပါတယ်။ ဒါပေမယ့် ရှေးဟောင်းကျိန်စာတစ်ခုကြောင့် ပြတိုက်ထဲက တိရစ္ဆာန်တွေနဲ့ ပြခန်းပစ္စည်းတွေဟာ ညဘက်မှာ အသက်ဝင်လာပြီး ညတိုင်း တိုင်ပတ်ရတဲ့ အကြောင်းကိုရိုက်ပြထားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။

ဒီရုပ်ရှင်မှာ Robin Williams, Owen Wilson, Ricky Gervais, Dick Van Dyke, Rami Malek တို့လို နာမည်ကြီးသရုပ်ဆောင်တွေ ပါဝင်ခဲ့ပြီး နောက်ဆက်တွဲရုပ်ရှင်တွေမှာ Amy Adams, Bill Hader, Rebel Wilson တို့လည်း ထပ်တိုးပါဝင်ခဲ့ပါတယ်။

ဒီရုပ်ရှင်ဟာ Shawn Levy ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့တဲ့ ၂၀၀၉ ခုနှစ်ရဲ့ Night at the Museum: Battle of the Smithsonian နဲ့ ၂၀၁၄ ခုနှစ်ရဲ့ Night at the Museum: Secret of the Tomb ဆိုတဲ့ နောက်ဆက်တွဲ ၂ ကားထွက်ရှိခဲ့ပါတယ်။ ဒီရုပ်ရှင်ရဲ့ စတုတ္ထမြောက်ရုပ်ရှင်ကတော့ Matt Danner ရိုက်ကူးတဲ့ ကာတွန်းရုပ်ရှင် Night at the Museum: Kahmunrah Rises Again ဖြစ်ပါတယ်။

ဒါပေမယ့် အသစ်ထွက်လာမ​ယ့် Night at the Museum ရုပ်ရှင်အသစ်နဲ့ ပတ်သက်ပြီးတော့ ဘာမှမသိရသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ အနေဖြင့် ပြည်တွင်းရှိ အထည်အလိပ်နှင့် ပတ်သက်သည့် MSME လုပ်ငန်းများ လိုအပ်ချက်ပြည့်မီအောင်ထုတ်ရန် နစကဥက္ကဋ္ဌ မှာကြား
Next post (၁၂-၇-၂၀၂၅)ရက်နေ့​ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့်စက်သုံးဆီဈေးနှုန်းများ