// | DailyBriefNews (၁၀-၇-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ် -

(၁၀-၇-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁၀-၇-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ ၁၃၈၇ ခုနှစ် ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) တွင် ရွှေတိဂုံစေတီတော် အပါအဝင် ဘုရားစေတီများ၌ ဘုရားဖူးလာရောက်သူများပြား

၂။ မြန်မာနိုင်ငံ၏ သက်ဆိုင်ရာအဖွဲအစည်းအားလုံးအနေဖြင့် ရွေးကောက်ပွဲအတွက် အထောက်အကူဖြစ်စေသည့် အခြေအနေကို ဖန်တီးရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

၃။ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဗဟိုဘဏ်က ဒေါ်လာ ၃၃ သန်း ထပ်မံထုတ်ရောင်းပြီး စက်သုံးဆီဈေးနှုန်းများလည်း ပြန်လည်ကျဆင်းလာ

၄။ အကြမ်းဖက်သမားများကြောင့် ပျက်စီးခဲ့သည့် လွိင်ကော်တက္ကသိုလ်ကို ပြန်လည်ဖွင့်လှစ်ရန် ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေ

၅။ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် တာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲဝင်များအတွက် ကြက်ဆီထမင်းဗူး – ၂၀၀၀ လှူဒါန်း

၆။ ကုလလုံခြုံရေးကောင်စီ၏ အလှည့်ကျဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်မည့် ပါကစ္စတန်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာသံအမတ်ကြီးတို တွေ့ဆုံ

၇။ အာဆီယံ-ဗီယင်နာ ကော်မတီ၏ ဥက္ကဋ္ဌတာဝန်ကို မြန်မာနိုင်ငံက ဆောင်ရွက်မည်

၈။ ဇူလိုင်လ ၉ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၈၉၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၀၁၅ ကျပ်၊ Octane 95 – ၃၀၇၅ ကျပ်၊ Diesel – ၂၆၃၅ ကျပ်၊ Premium Diesel – ၃၂၆၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ယူကရိန်းကို နောက်ထပ်စစ်လက်နက်ပစ္စည်းတွေ ပေးပိုသွားမယ်လို ဒေါ်နယ်ထရမ့်ပြော

၂။ ဂျာမနီစစ်လေယာဉ်ကို လေဆာနဲ့ပစ်မှတ်ထားခဲ့တဲ့ တရုတ်စစ်တပ်ရဲ့လုပ်ရပ်ကို ဂျာမနီပြစ်တင်ရှုတ်ချ

၃။ ICC က တာလီဘန်ခေါင်းဆောင်နှစ်ဦးကို ဖမ်း၀ရမ်းထုတ်

၄။ ပြင်သစ်တောမီးကြောင့်မာဆေးလေဆိပ်ပိတ်လိုက်ရပြီး ရထားပြေးဆွဲမှုများ လည်းရပ်ဆိုင်းသွား

၅။ ထိုင်းနိုင်ငံ၏ အကြီးမားဆုံး ကျားဖြန့်လိမ်လည်ဂိုဏ်းအဖွဲဝင် ကြံရာပါများအား ထောင်ဒဏ်အပြစ်ပေး

၆။ မလေးရှားမှာ နွားကန်ခံရလို မော်တော်ဆိုင်ကယ် စီးလာတဲ့ လူတစ်ဦးသေဆုံး

အားကစားသတင်းများ

၁။ ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ပထမပိုင်းနားချိန် show တစ်ခု ရှိမယ်လို သိရ

၂။ သမ္မတ ထရန့် ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲ တက်ရောက်မည်

၃။ ကာလိုအန်ဆယ်လော့တီဟာ ၂၀၁၄ ခုနှစ်က အခွန်လိမ်လည်မှုနဲ့ ထောင်ဒဏ် ၁ နှစ် ချမှတ်ခံလိုက်ရ

၄။ အာရှရဲ့ ပထမဆုံးသော Ronaldo Museum ဟောင်ကောင်မှာ ပြသထား

၅။ နှစ်ဝက် အကောင်းဆုံးဆုတွေကို ကြေငြာလိုက်တဲ့ MMA

အနုပညာသတင်းများ

၁။ သရုပ်‌ဆောင်လပြည့်ရဲ့”ပြည်လက်ရာ” ဆိုင်သစ်ဖွင့်ပွဲ အခမ်းအနားကို နာမည်ကြီးအနုပညာရှင်တွေတက်ရောက်

၂။ တကယ်မှော်ဝင်နေတဲ့ Actor ကိုကျော်ကျော်ဗိုပါဝင်လာတာ ကျွန်တော်အတွက် Plus ဖြစ်တယ် ဆိုတဲ့ ချာလီ

၃။ မောင်လေးတွေရဲ့ မာယာက ကိုယ် အကန်တွေပြောရင်တောင် ခွေးပေါက်လေးလို လိုက်တာမို ရွေးလိုက်တာပါဆိုတဲ့ လိမ္မော်သီး

၄။ တောင်ကိုရီးယားမင်းသမီး လီဆီယောင်း ကွာရှင်းပြတ်စဲပြီးနောက် အေးခဲသန္ဓေသားလောင်းနဲ့ ကိုယ်ဝန်ရရှိ

Leave a Reply

Your email address will not be published. Required fields are marked *

Previous post တစ်ချိန်က လူငယ်ပရိသတ်များစွာထဲမှာ အောင်မြင်ခဲ့သည့် TEENS အဖွဲ့ဝင် ကိုထူး (ခ) ထူးဝင်းဖေ ကွယ်လွန်
Next post အဆုတ်နှစ်ခြမ်းအစားမထိုးမီ လေးကြိမ်သေဆုံးခဲ့ရတဲ့ UFC ဖိုက်တာဟောင်း Ben Askren