// | DailyBriefNews နစက အဖွဲ့ဝင်ဒေါ်ဒွဲဘူနှင့် KIO ဒု-ဥက္ကဋ္ဌ(ဟောင်း) ဦးတူးဂျာတို့၏နေအိမ်များ အသံမိုင်းဖြင့်တိုက်ခိုက်ခံရ -

နစက အဖွဲ့ဝင်ဒေါ်ဒွဲဘူနှင့် KIO ဒု-ဥက္ကဋ္ဌ(ဟောင်း) ဦးတူးဂျာတို့၏နေအိမ်များ အသံမိုင်းဖြင့်တိုက်ခိုက်ခံရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ နစက အဖွဲ့ဝင်ဒေါ်ဒွဲဘူနှင့် KIO ဒု-ဥက္ကဋ္ဌ(ဟောင်း)ဦးတူးဂျာတို့ ၏နေအိမ်များ  ဇူလိုင် ၇ ရက်နေ့လည်ပိုင်းက အသံမိုင်းဖြင့်အသီးသီးတိုက်ခိုက်ခံခဲ့ရကြောင်း နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။

လက်နက်ကိုင်အဖွဲ့ဝင်များသည် ဇူလိုင် ၇ ရက်နေ့လည် ၃ နာရီ ၄၀ မိနစ်ခန့်က မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ နစက အဖွဲ့ဝင် ဒေါ်ဒွဲဘူ၏ နေအိမ်၊ နေ့လည် ၃ နာရီ ၄၅ မိနစ်ခန့်တွင် ယုဇနရပ်ကွက်ရှိ KIO ဒု-ဥက္ကဋ္ဌ(ဟောင်း)ဦးတူးဂျာ၏ နေအိမ်တို့အား အသံမိုင်းများဖြင့်ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

အသံမိုင်းများကြောင့် နေအိမ်များရှိ ပြတင်းတံခါး မှန်များအနည်းငယ်ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိခဲ့ဘဲ ဖြစ်စဥ်များအား လုံခြုံရေးအဖွဲ့ဝင်များနှင့် တာ ဝန်ရှိသူများက စစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နစက၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအား အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၌ကျင်းပ
Next post အလှမောင်တွေအတွက် အခွင့်အလမ်းသစ်ရရှိမယ့် “Mister Myanmar 2025” Top Model Show Runway ပြိုင်ပွဲကျင်းပခဲ့