ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

၂၀၂၅ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများ ဝါဆိုသင်္ကန်းဆက်ကပ်လှူ ဒါန်းပွဲအား ဇူလိုင် ၆ ရက်နံနက်ပိုင်းကျင်းပရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီး၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော်ကြီးတို့အမှူးပြုသည့် ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများအပါအဝင် ဆရာတော်ကြီး(၂၇)ပါးကြွရောက်ချီးမြှင့်ခဲ့ကြသည်။

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီး၊ တာဝန်ရှိသူများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများတက်ရောက်ကြည်ညိုပူဇော်ခဲ့ကြသည်။

သန်လျင်မင်းကျောင်းဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူဆောင်တည်ပြီး ဆရာတော်ကြီးများက မေတ္တသုတ်ပရိတ်တရားတော်များကို ရွတ်ပွားချီးမြှင့်တော်မူခဲ့ကြကာ သံဃာ​တော်များထံ အလှူရှင်များက ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

မန္တလေးမြို့ မစိုးရိမ်တိုက်သစ် မဟာနာယကဆရာ တော်ကြီးက အနုမောဒနာတရားချီးမြှင့်ကာ တရားနာပရိသတ်က ကုသိုလ်အဖို့အစုကို ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၇-၇-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post ကောင်းကင်ဘာကြောင့်ပြာ ရုပ်သံဇာတ်လမ်းတွဲ Show Like application တွင်ပြသမည်