လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တဲ့ ဒါရိုက်တာ အကြောင်း Charlize Theron ထုတ်ဖော်ပြောကြား

Charlize Theron ဟာ “The Old Guard 2” ရုပ်ရှင်ရဲ့ Promotion အတွက် “Call Her Daddy” Podcast မှာ ဧည့်သည်အဖြစ် ပါဝင်ခဲ့ပြီး သူမရဲ့ အစောပိုင်းသရုပ်ဆောင်ဘဝမှာ ဒါရိုက်တာတစ်ယောက်က သူ့အပေါ် လိင်ပိုင်းဆိုင်ရာ အပြုအမူတွေလုပ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုကို ပြန်လည်ဖွင့်ဟခဲ့ပါတယ်။

ဒီဖြစ်ရပ်ကို သူမက ၂၀၁၉ ဧပြီလတုန်းက “The Howard Stern Show” မှာ ပထမဆုံး ပြောခဲ့ဖူးပါတယ်။ အဲဒီတုန်းက သူမက ရုပ်ရှင်တစ်ကားအတွက် စမ်းသပ်သရုပ်ဆောင်ဖို့ စနေနေ့ညမှာ ဒါရိုက်တာတစ်ယောက်ရဲ့ အိမ်ကို သွားဖို့ အေဂျင်စီက ပြောခဲ့လို့သွားခဲ့ပါတယ်။ ဒါရိုက်တာက အိပ်ရာဝတ်စုံနဲ့ တံခါးဖွင့်ပြီး သူမရဲ့ ဒူးပေါ်ကို လက်တင်ခဲ့ပါတယ်။ Theron က ချက်ချင်း ထထွက်လာခဲ့တယ်လို့ ဆိုပါတယ်။

“အဲဒီတုန်းက သရုပ်ဆောင်ဖို့ စမ်းသပ်ကတယ်ဆိုတာ ဘယ်လိုလဲ ကျွန်မ မသိဘူး” လို့ Theron က “Call Her Daddy” မှာ ပြောပါတယ်။ “သရုပ်ဆောင်ဖြစ်ဖို့ ဘယ်လိုလုပ်ရလဲဆိုတာ မသိခဲ့ဘူး… အေဂျင်စီက ရုပ်ရှင်တစ်ကားအတွက် စမ်းသပ်သရုပ်ဆောင်ဖို့ စနေနေ့ညမှာ သွားရမယ်လို့ ပြောတယ်။ ဒါရိုက်တာရဲ့ အိမ်မှာ လုပ်ရမယ်တဲ့။ ကျွန်မရဲ့ စိတ်ထဲက အသံတစ်သံက ‘ဒါ မဖြစ်သင့်ဘူး’ လို့ ပြောပေမယ့်၊ နောက်ထပ်အသံတစ်ခုက ‘ဒါ ဖြစ်နိုင်တာပဲလေ’ လို့ ပြန်ပြောနေတယ်။”

ဒီအကြောင်းကို Theron ပြောပြီးနောက်ပိုင်း ဒီ ဒါရိုက်တာက ဖုန်းဆက်ပြီး သူဒီလိုလုပ်ခဲ့တာက အထင်အမြင်လွဲကြောင်းရှင်းပြဖို့ပြောခဲ့တယ်လို့သိရပါတယ်။ Theron ကတော့ ဒီအကွက်တွေက ရိုးနေပါပြီဆိုပြီး ပြန်လည်ချေပခဲ့တယ်ဆိုတဲ့ အကြောင်းကိုပါပြောခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၃-၇-၂၀၂၅) ရက်နေ့​ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့်စက်သုံးဆီဈေးနှုန်းများ
Next post (၄-၇-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်