မြန်မာနိုင်ငံနှင့် နိုဗာစီဗစ်ဒေသ၊ အာဆီယံဒေသတွင်းနိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန်ဆွေးနွေး

EAEU ၏အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဘယ်လာရုစ်နိုင်ငံသမ္မတ H.E. Mr. Alexander Grigoryevich Lukashenko ၏ ဖိတ် ကြားချက်အရ မင့်စ်မြို၌ကျင်းပမည့် စတုတ္ထအ ကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ်(EEF 2025) တက်ရောက်ရန် ဇွန် ၂၅ ရက်နံနက်ပိုင်းက ဘယ်လာရုစ်နိုင်ငံသို အထူးလေယာဥ်ဖြင့်ထွက်ခွာခဲ့သည်။

ထိုသို့ ထွက်ခွာခဲ့ရာ ညနေပိုင်းတွင် ရုရှားနိုင်ငံ၊ နိုဗာစီဗစ်မြို့၊ သာမာရှယ်ဗာလေဆိပ်သိုရောက်ရှိရာ နိုဗာစီဗစ်ဒေသအုပ်ချုပ်ရေးမှူး Mr. Travnikov Ahdrey Aleksandrovich ကကြိုဆိုနှုတ်ဆက်ခဲ့သည်။

ထို့နောက် ၎င်းတို့နှစ်ဦးသည် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ၊ နိုဗာစီဗစ်ဒေသတို့ကြား အာဆီယံဒေသတွင်းနိုင်ငံများကြား စီးပွားရေးဆိုင်ရာပူးပေါင်းဆောင် ရွက်မှုများမြှင့်တင်နိုင်ရေး၊ လေကြောင်းပြေးဆွဲမှုများမြှင့်တင်နိုင်ရေးနှင့် ခရီးသွားကဏ္ဍမြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် နစက ဥက္ကဋ္ဌသည် နိုဗာစီဗစ်မြို၊ သာမာရှယ်ဗာလေဆိပ်မှတစ်ဆင့် ဘယ်လာရုစ်နိုင်ငံသို့ ဆက်လက်ထွက်ခွာရာ နိုဗာစီဗစ်ဒေသအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဘောလုံးအားကစားကို အစပြုထားတဲ့ ဟာသဇာတ်လမ်းပုံစံ “ဂေါင်းကြီးတို့ ရွာသာရွာ” ဇာတ်လမ်းတွဲ HEY Play Application နဲ့ Channel 7 ရုပ်သံလိုင်းတို့မှာ ထုတ်လွှင့်ပြသမည်
Next post မင့်စ်မြို့သို့ရောက်ရှိလာသည့် နစက ဥက္ကဋ္ဌအား ဘယ်လာရုစ်နိုင်ငံ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့က ဂုဏ်ပြုကြိုဆို