‘သူတော်တစ္ဆေ’ ရို၊က်ကူးစဥ်က ပရလောကသားတွေကိုကတိပြုခဲ့တဲ့အတိုင်း အလှူလုပ်ပေးဖြစ်ခဲ့တဲ့ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)

ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)ရဲ့မွေးနေ့လည်းဖြစ်ပြီး ‘သူတော်တစ္ဆေ’ ရုပ်ရှင်ဇာတ်ကားပထမဆုံးရုံတင်ပြသတဲ့နေ့လည်းဖြစ်တဲ့ ဇွန်လ (၂၀)ရက်နေ့၊မနက်ပိုင်းက ရန်ကုန်မြို့ ၊နဝဒေးရုပ်ရှင်ရုံမှာ သူတော်တစ္ဆေရို၊က်ကူးစဥ်က ပရလောကသားတွေကိုကတိပြုခဲ့တဲ့အတိုင်း သံဃာတော်များကိုပင့်ဖိတ်ပြီး နေ့ဆွမ်းဆက်ကပ်ကာ အမျှအတမ်းပေးဝေလှူဒါန်းပွဲ ကျင်းပခဲ့ပါတယ်။

ဇာတ်ညွှန်းနှင့်စီစဥ်မှု-အောင်ကြီး၊ဇာတ်လမ်းနဲ့ဒါရိုက်တာ -အကယ်ဒမီမောင်မျိုးမင်း(ရင်တွင်းဖြစ်)၊သရုပ်ဆောင်-အကယ်ဒမီကျော်ရဲအောင် ၊အကယ်ဒမီထွန်းထွန်း၊သုတအောင်၊အကယ်ဒမီ ချမ်းသာကြည်စိုး၊ဘရမ်ဒိုလီ၊မျိူးစန္ဒီကျော်၊အိမ့်ချစ်ချစ်၊မှုံနံသာကျော်ရဲအောင်နဲ့ သရုပ်ဆောင်များစွာအပြင် Chow(Paranomal)အဖွဲ့အထူးသရုပ်​ဆောင်ပါဝင်ထားတဲ့ ‘သူတော်တစ္ဆေ’ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ရုံဝင်ငွေရရှိတဲ့အကျိူးအမြတ်အားလုံးကိုလည်း ငလျှင်ဘေးသင့်ဒေသကပြန်လည်ထူထောင်ရေးလုပ်ငန်းမျးအတွက် လှူဒါန်းပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နေပြည်တော်အနီး ဗဟိုပြု၍ အင်အား (၃.၁) အဆင့်ရှိ ငလျင်လှုပ်
Next post (၂၄-၆-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်