Date With Me? Season 2 မှာ ပထမဦးဆုံး မိန်းကလေးအနုပညာရှင်ဖြစ်တဲ့ နာမည်ကြီး ထပ်ဆင့်အကယ်ဒမီမင်းသမီး ဖွေးဖွေးပါဝင်လာ

“Date With Me? Season 2 မှာ ပထမဦးဆုံး မိန်းကလေးအနုပညာရှင်ဖြစ်တဲ့ နာမည်ကြီး ထပ်ဆင့်အကယ်ဒမီမင်းသမီး ဖွေးဖွေးပါဝင်လာကြောင်း မိတ်ဆက်ပွဲ အခမ်းအနားကို ဇွန်လ ၁၆ ရက်က အလုံမြို့နယ်ရှိ Zealax Hotel မှာ ကျင်းပခဲ့တဲ့ အခမ်းအနားက သိရပါတယ်။

“Date with Me Season 2 မှာ ပါရတဲ့ ရင်ခုန်သံဆိုရင် အရမ်းလည်းပျော်ပါတယ်။ ထင်တောင်မထင်ထားဘူး။ အမှတ်တရတွေ ဒီလောက်ရမယ်လို့လေ။ ကျွန်တော်တို့ ချစ်တဲ့ပရိသတ်တွေနဲ့ ရင်းနှီးစွာ တွေ့ဆုံခွင့်ရလို့လည်း ပျော်ရပါတယ်။ လက်ရှိထုတ်လွှင့်နေချိန်မှာလည်း အားပေးကြတယ်။ ပြိုင်ပွဲဝင် အချင်းချင်း ပျော်ရွှင်စွာ ဆက်လက် ပါဝင်စေချင်ပါတယ်”လို့ သရုပ်ဆောင်တိုင်ရွန်က ပြောပါတယ်။

အဆိုပါ အခမ်းအနားကို အကယ်ဒမီဖွေးဖွေး၊ တိုင်ရွန်၊ နေထွဋ်နဲ့ Project K တို့တက်ရောက်ခဲ့ကြပြီးတော့ Fan တွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံပြီး သိလိုတာတွေအပြန်အလှန်ဖြေဆိုပေးခဲ့ပါတယ်။

Date with Me Season 1 တုန်းက အမျိုးသားအနုပညာရှင်တွေနဲ့သာ တွေ့ဆုံရပြီးတော့ ယခု Season 2 မှာက အမျိုးသမီးအနုပညာရှင် အကယ်ဒမီဖွေးဖွေးပါဝင်လာခဲ့တာဖြစ်ပြီး Date with Me Season 2 ကို အပတ်စဉ် တနင်္ဂနွေနေ့ ည ၈ နာရီတိုင်း M Entertainment Channel က ထုတ်လွှင့်ပြသနေလျက်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ခန္တီးမြို့တွင် ဒုတိယအကြိမ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆို
Next post (၁၇-၆-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်