
ကျိုက်ထိုမြို့မှ ကိုဗစ်ကူးစက်ခံရသူ အမျိုးသားလူနာ ဆေးရုံဆင်းခွင့်ပြု
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှ ကိုဗစ်ရောဂါ ကူးစက်ခံထားရသော အမျိုးသားလူနာမှာ ကျန်းနာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်သဖြင့် ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံက သိရသည်။
အသက် (၂၅) နှစ်အရွယ် အဆိုပါအမျိုသားမှာ ဇွန်လ (၉) ရက်က အလုပ်လုပ်ကိုင်ရန် ဆေးစစ်ခဲ့ရမှတဆင့် ကူးစက်ခဲ့ထားရသည်ကို သိရှိခဲ့ရခြင်းဖြစ်ပြီး (၅) ရက်အကြာ စောင့်ကြည့်လူနာအဖြစ် ဆေးကုသပေးရာမှ ဇွန်လ (၁၃)ရက်တွင် ဆေးရုံဆင်းခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာန၏ အသိပေးချက်အရ ဇွန်လ (၉) ရက် ညပိုင်းအထိ ကိုဗစ်ပိုးတွေ့ရှိသူ လူနာသစ် (၃၁) ဦးတွေ့ထားကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးသည် ထိရောက်စွာကာကွယ်ပေးနိုင်သောကြောင့် ထပ်ဆောင်းကာကွယ် ဆေးထိုးခြင်းများ ထိုးနှံပေးကြရန် အသိပေးထားသည်။

မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ချေမြင့်မားသည့် အသက်(၆၀)နှင့်အထက် အသက်အရွယ်ကြီးသူများ၊ ဆီးချိုရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်ကာလ (၃)လနှင့်အထက်ရှိသည့် မိခင်လေ-ာင်းများ ထပ်ဆောင်း ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု ခံယူကြရန်ကျန်းမာရေးဝန်ကြီးဌာနက တို-က်တွန်းနှိုးဆော်ထားသည်။