// | DailyBriefNews တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် နစက ဥက္ကဋ္ဌနှင့်သာ တွေ့ဆုံမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိ -

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် နစက ဥက္ကဋ္ဌနှင့်သာ တွေ့ဆုံမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိ

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ မြန်မာနိုင်ငံခရီးစဉ်တွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်သာ တွေ့ဆုံသွားမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံသွားရန် အစီအစဉ်မရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

အဆိုပါ မစ္စတာဝမ်ယိ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း SAC ဥက္ကဋ္ဌနှင့် တွေ့ဆုံရန် ရှိ/မရှိနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဟောင်း ‌ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ တွေ့ဆုံရန်ရှိ/မရှိ မီဒီယာများက မေးမြန်းမှုအပါ် အထက်ပါအတိုင်း ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်အား မစ္စတာဝမ်ယိက မတွေ့ဆုံခြင်းလား၊ နစက အစိုးရဘက်မှ တွေ့ဆုံခွင့် မပေးခြင်းလား ဆိုသည့် အချက်ကိုမူ ထည့်သွင်းဖော်ပြခဲ့မှုမရှိပေ။

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ ယခုအကြိမ်ခရီးစဉ်သည် တရုတ်-မြန်မာ ကဏ္ဍအသီးသီးတွင် အကျိုးတူပူးပေါင်း ဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး နှစ်နိုင်ငံပြည်သူများ၏ ချစ်ကြည်ရင်းနှီးသောသံယောဇဉ်ကို ခိုင်ခံ့စေကာ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှု နက်ရှိုင်းခိုင်မာစေရေးကို မြှင့်တင်ရန်ဖြစ်‌ကြောင်း တရုတ်သံရုံးမှ ထုတ်ပြန် ထားသည်။

ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုသည့် အခြေခံမူကို အမြဲတစေလိုက်နာကာ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ အာမခံရေးတို့ကို အစဉ်အမြဲထောက်ခံသွား၍ မြန်မာနိုင်ငံဘက်အသီးသီးက အခြေခံဥပဒေနှင့် တရားဥပဒေမူဘောင်အတွင်း၌ နိုင်ငံရေးဆွေးနွေးခြင်းဖြင့် သဘောထားကွဲလွဲမှုများကို ကောင်းမွန်စွာဖြေရှင်းရေးအတွက် အပြု သဘောဆောင်သော ကူညီမှုများ ပေးအပ်သွားမည်ဖြစ်ကြောင်း ‌ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၄-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post စစ်ဒဏ်ခံနေရသည့် လားရှိုးမြို့တွင် ဖောက်ထွင်းခိုးယူ ခံရမှုများ ကြုံနေရကြောင်း ဒေသခံများဆို