// | DailyBriefNews စက်သုံးဆီအရောင်းဆိုင်များ ဆီပြတ်လပ်မှုများဖြစ်ပေါ်နေ -

စက်သုံးဆီအရောင်းဆိုင်များ ဆီပြတ်လပ်မှုများဖြစ်ပေါ်နေ

ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်အချို့တွင် ဆီပြတ်လပ်မှုများဖြစ်ပေါ်နေပြီး ဝယ်ယူရခက်ခဲနေကြောင်း အငှားယာဉ် မောင်းများ၏ ပြောပြချက်အရ သိရသည်။

ဩဂုတ်လ လဆန်းပိုင်းတွင်လည်း စက်သုံးဆီပြတ်လပ်မှုဖြစ်ပေါ်ခဲ့၍ တန်းစီဝယ်ယူခဲ့ရပြီး စက်သုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှစက်သုံးဆီရောင်းအားနှင့် ဝယ်လိုအား မမျှသဖြင့် စက်သုံးဆီပြတ်လပ်မှု ဖြစ်ပေါ်ရခြင်းဖြစ်သည်ဟု ပြောကြားထားသည်။

ယခုအခါ စက်သုံးဆီဝယ်ယူရန် အခက်အခဲများရှိခြင်းကြောင့် အငှားယာဉ်မောင်းအချို့သည် ပြေးဆွဲမှုရပ်နားထားရပြီး ရန်ကုန်အပြင် မန္တလေးတိုင်းဒေသကြီးနှင့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင်လည်း စက်သုံးဆီပြတ်လပ်မှုများ‌ ဖြစ်ပေါ်နေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

” ဆီဆိုင်တော်တော်များများမရဘူး။ တချို့ဆိုင်တွေဆို အရောင်းပိတ်ထားတယ်။ ရတဲ့ဆိုင်ဆိုရင် သုံးသောင်းဖိုးပဲရတယ်။တချို့ဆိုင်တွေက လေးသောင်းဖိုး‌ရောင်းတယ်။ ကားဘယ်လိုဆွဲမလဲ။ ဆီကိုလိုက်ပတ်ရှာနေရတာနဲ့တင် ဆီပိုကုန်တယ်။ အဲဒီတော့ ရပ်ထားရတယ်”ဟု ရန်ကုန်ရှိ အငှားယာဉ်မောင်းတစ်ဦးကပြောသည်။

ထို့ပြင် စက်သုံးဆီရရှိသည့် အရောင်းဆိုင်များတွင်လည်း အချိန်ကြာမြင့်စွာ စောင့်ဆိုင်း၍ တန်းစီနေရကြောင်း ၎င်းက ဆက်လက်ရှင်းပြထားသည်။

ဗဟိုဘဏ်မှ ယခုရက်သတ္တပတ်အတွင်း ‌စက်သုံးဆီ၊ စားသုံးဆီနှင့် အခြားအရေးကြီးကုန်စည်များအတွက် FX Trading Platform မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၆ သန်း၊ တရုတ်ယွမ် ၅ သန်းနှင့် ထိုင်းဘတ် ၁၀ သန်း ရောင်းချပေးမည်ဟု ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၃-၈-၂၀၂၄) ရက်နေ့ ပြည်တွင်းရွှေစျေးနှင့် စက်သုံးဆီဈေးနှုန်းများ
Next post ဘယ်အနုပညာရှင်မှ မရောင်းရဲတဲ့ MLM ကုန်ပစ္စည်းတစ်ခုကို ရောင်းနေလို့ ဝေဖန်ခံနေရတဲ့ သဲစုညိမ်း