// | DailyBriefNews အသက် ၃၆ နှစ်ပြည့် မွေးနေ့ကို ကုသိုလ်တွေနဲ့ဖြတ်သန်းခဲ့တဲ့ ဝတ်မှုန်ရွှေရည် -

အသက် ၃၆ နှစ်ပြည့် မွေးနေ့ကို ကုသိုလ်တွေနဲ့ဖြတ်သန်းခဲ့တဲ့ ဝတ်မှုန်ရွှေရည်

အိမ်ထောင်ပြုသွားသည့်တိုင် ပရိသတ်ချစ်ခင်မှုကို ရရှိထားတဲ့ မင်းသမီးအကယ်ဒမီ ဝတ်မှုန်ရွှေရည်ကတော့ အသက် ၃၆ နှစ် ပြည့်မွေးနေ့မှာ ကုသိုလ်တွေအများကြီးလုပ်ပြီးဖြတ်သန်းခဲ့တာပါ။ သူမရဲ့ မွေးနေ့ကတော့ ဩဂုတ် ၁၀ ရက်နေ့ ဖြစ်ပြီး မွေးနေ့ မနက်ပိုင်းမှာတော့ မှော်ဘီမြို့နယ်ရှိ အောင်ဇဗ္မူကျောင်းတိုက်ရှိ ဆရာတော် ၁၀ ပါးကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့တာပါ။


“ကစ်ရဲ့ မွေးနေ့ နံနက်ပိုင်းက ‌အောင်ဇမ္ဗူကျောင်းက ဘုန်းဘုန်း ၁၀ ပါးကို နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ပါတယ်။ နေ့လယ်ပိုင်း မှာတော့ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီဆေးရုံမီးယပ်နဲ့ သားဖွားလူနာ‌တွေအတွက် လိုရာအသုံးပြုနိုင်‌အောင် ဆေးရုံကို ရော လူနာတစ်ဦးစီအတွက်ပါ ငွေလေးတွေနဲ့ကုသိုလ်ပြုခဲ့ပါတယ်။ ကစ်ရဲ့အလှူကို Realme မှလည်း တစ်ဖက်တစ်လမ်း ပါဝင်ကုသိုလ်ပြု ပေးခဲ့လို့ကျေးဇူးပါရှင့်”လို့ အကယ်ဒမီ ဝတ်မှုန်ရွှေရည်က ပြောပါတယ်။

သူမကတော့ ညနေပိုင်းမှာလည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကစ်နဲ့ Kit fan club က Fan လေးတွေ စုပေါင်းဒါနပြုအလှူ လူ ၅၅၀ စာ​ ညနေစာ ကုသိုလ်ပြုခဲ့ပါတယ်။ ဒါ့အပြင် နောက်ဆုံးအလှူလေးကတော့ ရန်ကုန်မြို့ ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံက လူနာတွေအတွက် တစ်နေ့တာအာဟာရဒါနလေးလှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။”ကစ်ရဲ့မွေးနေ့မှာပြုတဲ့ ကုသိုလ် အစုစုအတွက် သာဓုခေါ်ဆိုနိုင်အောင် မျှဝေပေးလိုက်ပါတယ်နော်။ အားလုံး ကစ်နဲ့ထပ်တူ ပြုသောကုသိုလ်တွေရကြပါစေ” လို့ သူမက‌ ဆက်ပြောပါတယ်။

ပရိသတ်အချစ်တော်တွေဖြစ်ကြတဲ့ မင်းသမီးဖွေးဖွေးနဲ့ ဝတ်မှုန်ရွှေရည်တို့ကတော့ ညီအစ်မဝမ်းကွဲတွေကတော့ မွေးနေ့လေး မှာ ရက်လေးကပ်လျှက်ရှိနေကြတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပြင်ဦးလွင်မှ မန္တ​လေးအဆင်းလမ်းမှာ ယာဥ်တိမ်း​မှောက်မှုဖြစ်ပွား
Next post (၁၀-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်