// | DailyBriefNews အင်တာမိုင်ယာမီရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် လက်မှတ်တွေ ရှစ်မိနစ်အတွင်းမှာပဲ ရောင်းကုန် -

အင်တာမိုင်ယာမီရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် လက်မှတ်တွေ ရှစ်မိနစ်အတွင်းမှာပဲ ရောင်းကုန်

လာမယ့် ဩဂုတ်လ ၁၅ ရက်၊ အင်္ဂါနေ့မှာ လိဂ်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အင်တာမိုင်ယာမီ နဲ့ ဖီလာဒဲလ်ဖီးယားတို့ ယှဉ်ပြိုင်သွားကြမှာဖြစ်ပြီး နှစ်သင်းထဲက တစ်သင်းကတော့ ဖိုင်နယ်ကို တက်လှမ်းတော့မှာဖြစ်သလို ပရိသတ်တွေကလည်း မက်ဆီကို အားပေးဖို့ စိတ်ဓာတ်တွေ ပြင်းပြနေကြတုန်းဖြစ်ကာ ပွဲစဉ်ရဲ့ လက်မှတ်တွေအကုန်လုံးက ရှစ်မိနစ်အတွင်းမှာပဲ ရောင်းကုန်သွားခဲ့ပါတယ်။

အခုပွဲစဉ်ဟာ မက်ဆီ အင်တာမီယာမီအသင်းကို ရောက်ပြီးကတည်းက ဒုတိယမြောက် အဝေးကွင်း ပွဲစဉ်ဖြစ်ပြီး ၁၆ သင်းအဆင့်မှာ FC Dallas နဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ ပထမအဝေးကွင်းပွဲစဉ်ရဲ့ လက်မှတ်တွေရောင်းချတုန်းကလည်း ၁၀ မိနစ်အတွင်း ရောင်းကုန်ခဲ့ပါတယ်။

အခုအခါမှာလည်း အင်တာမီယာမီနဲ့ ဖီလာဒဲလ်ဖီးယားတို့ ပွဲစဉ်ရဲ့ထိုင်ခုံနေရာပေါင်း ၁၈,၅၀၀ ဟာ ရှစ်မိနစ်အတွင်းမှာရောင်းကုန်ခဲ့တယ်လို့ ဖီလာဒဲလ်ဖီးယား ယူနီယံအသင်းက ကြေညာခဲ့ပြီး ကြည့်ချင်သူတွေကိုတော့ Seat Geek လိုမျိုး လက်မှတ်ပြန်လည်ရောင်းချတဲ့ဝက်ဘ်ဆိုဒ်တွေမှာ ဝယ်ယူဖို့ အကြံပြုထားကာ အဲ့ဒီမှာ လက်မှတ်ပေါက်ဈေးတွေကတော့ အမေရိကန်ဒေါ်လာ ၄၀၀ ကနေစပြီး ထောင်ချီတဲ့အထိ ရှိနေပါတယ်။

ကမ္ဘာ့ဖလားဆုရှင် မက်ဆီအနေနဲ့ အင်တာမိုင်ယာမီကို ရောက်ရှိပြီးကတည်းက ငါးပွဲကစားကာ သွင်းဂိုး ရှစ်ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ရှုံးပွဲမရှိတဲ့ စံချိန်ကို အရယူပေးထားနိုင်ခဲ့ပါတယ်။

လိဂ်ဖလား ချန်ပီယံဖြစ်ဖို့လည်း နှစ်ပွဲသာ နိုင်ဖို့ လိုတော့တဲ့ အနေအထားဖြစ်နေတဲ့ အင်တာ မိုင်ယာမီအသင်းအနေနဲ့ အခု ဆီမီးဖိုင်နယ်အဆင့်မှာတော့ အိမ်ကွင်းပရိသတ်အပြည့်နဲ့ ကျောထောက် နောက်ခံပြုထားတဲ့ ဖီလာဒဲလ်ဖီးယား ယူနီယံကိုတော့ ခက်ခဲတဲ့စမ်းသပ်မှုတစ်ခုအနေနဲ့ ရင်ဆိုင်သွားရမလား ဆိုတာ စောင့်ကြည့်ကြရဦးမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပထမဆုံးရုပ်ရှင်မှာ ထိုင်းမလေးအဖြစ်သရုပ်ဆောင်မယ့် အိအိအောင်ထွန်း
Next post ချဲလ်ဆီးအသင်း ဘရိုက်တန်ကွင်းလယ်လူကိုင်စီဒိုကို ဗြိတိန်စံချိန်တင်ပြောင်းရွေ့ကြေး ပေါင်(115)သန်းနဲ့​ခေါ်ယူဖို့ သဘောတူညီမှုရ