// | DailyBriefNews အိုလံပစ် အားကစားပြိုင်ပွဲ ဝင်ခဲ့သူ မြန်မာကိုယ်စားပြုနှစ်ဦးကို ပြင်သစ်သံရုံး ဂုဏ်ပြု -

အိုလံပစ် အားကစားပြိုင်ပွဲ ဝင်ခဲ့သူ မြန်မာကိုယ်စားပြုနှစ်ဦးကို ပြင်သစ်သံရုံး ဂုဏ်ပြု

ဩဂုတ်လ ၂ ရက်

ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် ကျင်းပနေသည့် ပါရီ-၂၀၂၄ အိုလံပစ် အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မြန်မာကိုယ်စားပြုနှစ်ဦးကို ပြင်သစ်သံရုံးက ဂုဏ်ပြုကြောင်း ဩဂုတ်လ (၁) ရက်တွင် ထုတ်ပြန်ထားပါတယ်။

ပြင်သစ်သံရုံး၏ ထုတ်ပြန်ချက်တွင် ကြက်တောင်အားကစားမယ် သက်ထားသူဇာနှင့် ရေကူးသမား ဘုန်းပြည့်ဟန် အပါအဝင် သူတို၏နည်းပြများကို ချီးကျူးဂုဏ်ပြုထားခြင်းကို တွေ့ရပါတယ်။

ပြင်သစ်နိုင်ငံ၌ ကျင်းပနေသည့် အိုလံပစ် အားကစားပြိုင်ပွဲအတွင်း မြန်မာကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နေသည့် အားကစားသမားနှစ်ဦးသည် ဇူလိုင်လ (၃၀) ရက်တွင် ပွဲစဉ်များရှုးကာ ပြိုင်ပွဲများမှ ထွက်ခွာခဲ့ရပြီး ဖြစ်ပါတယ်။

သက်ထားသူဇာကမူ အမျိုးသမီးတစ်ယောက်ချင်း ကြက်တောင်ရိုက်အားကစား အုပ်စုပွဲစဉ်၌ ဂျပန်၊ ကနေဒါမှ ကြက်တောင်မယ်များနှင့် ယှဉ်ပြိုင်ခဲ့ရကာ ရှုးနိမ့်ပြီး ထွက်ခွာခဲ့ရခြင်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၃-၈-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post မန္တလေးတွင် ဓာတ်ဆီ တစ်လီတာ ပြင်ပပေါက်ဈေး (၈၀၀၀) ကျပ်ဝန်းကျင်အထိ မြင့်တက်လာ