အာဆီယံချန်ပီယံရှစ် ခြေစစ်ပွဲ ရှမ်းယူနိုက်တက်နှင့် ဘရူနိုင်းကလပ် ကာဆူကာအသင်း တို့ သရေရလဒ်သာထွက်ပေါ်ခဲ့

ဇူလိုင်လ ၁၈ ရက်
၂၀၂၄-၂၅ ခုနှစ် အာဆီယံကလပ် ချန်ပီယံရှစ် ခြေစစ်ပွဲစဉ်တစ်ပွဲအား ယမန်နေ့ ဇူလိုင် (၁၇)ရက် ညပိုင်းက ဘရူနိုင်းကလပ် ကာဆူကာအသင်းနှင့်မြန်မာနေရှင်နယ်လိဂ်ကလပ် ရှမ်းယူနိုက်တက် အသင်းတို့ ကစားခဲ့ရာ တစ်ဖက် တစ်ဂိုးစီ ဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

ပွဲစဉ်အတွင်း အဖွင့်သွင်းဂိုးကို ကာဆူကာအသင်းက ပွဲချိန် (၄၄) မိနစ်အချိန်တွင် ဆူလီဗန်တေလာ ဆိုသူ ကစားသမားကသွင်းယူခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းအတွက် ချေပဂိုးကို ပွဲချိန် (၇၉) မိနစ်တွင် ဟိန်းဖြိုးဝင်းက သွင်းယူပေးခဲ့ပါတယ်။

ယခုကစားသည့် ပွဲစဉ်ဟာ ပထမအကျော့ ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ကာ၊ ၎င်းတိုနှစ်သင်းအနေနဲ့ ဇူလိုင် (၂၄) ရက်၌ ဒုတိယအကျော့အဖြင့် ရှမ်းယူနိုက်တက်အသင်း၏ အိမ်ကွင်း၌ ထပ်မံကစားကြရမည်ဖြစ်ကြောင်း သိရှိရပါတယ်။
More Stories
မြန်မာ FIFAe Football (Mobile) အသင်း ကမ္ဘာ့ဖလားဝင်ခွင့်ရရှိရန် နီးစပ်၊ အာရှအဆင့် ၆ သင်းစာရင်းဝင်
ဇူလိုင် ၁၀၊ ၂၀၂၆ FIFAe Football (Mobile) ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာအသင်းသည် ယနေ့ကျင်းပခဲ့သည့် ရှုးထွက်အဆင့်ပွဲစဉ်များအပြီး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခြင်း မရှိခဲ့သော်လည်း Consistency Ranking အရ အာရှဒေသ၏ နောက်ဆုံးအဆင့် Top...
၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲကို မြန်မာအမျိုးသမီးအသင်း ပါဝင်ယှဉ်ပြိုင်ခွင့်ရ
ဇူလိုင် ၁၀၊ ၂၀၂၆ ၂၀ ကြိမ်မြောက် ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲကို မြန်မာအမျိုးသမီးအသင်း ပါဝင်ယှဉ်ပြိုင်ခွင့်ရမှာဖြစ်ကြောင်း သိရပါတယ်။ ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲကို ၂၀၂၆ အာရှဖလားအမျိုးသမီးပြိုင်ပွဲဝင်ခွင့်ရ အသင်း ၁၂ သင်းနဲ့ ကျင်းပရန်စီစဉ်ထားတာဖြစ်ပါတယ်။...
မြန်မာ့လက်ရွေးစင် အမျိုးသားအသင်း နည်းပြချုပ်သစ် ယွန် အန်ဒါဆင်နှင့် စာချုပ်ချုပ်ဆိုလိုက်ပြီ
ဇူလိုင် ၁၀၊ ၂၀၂၆ "ကျွန်တော့်ရဲ့ စာချုပ်သက်တမ်း အတွင်းမှာ မြန်မာကစားသမားတွေ တိုးတက်လာဖို့နဲ့ မြန်မာ့လက်ရွေးစင်အသင်း အောင်မြင်နိုင်သမျှ အောင်မြင်ဖို့ ကြိုးစားစွမ်းဆောင်သွားမှာပါ" ယွန် အန်ဒါဆင် (မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်) မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း နည်းပြချုပ်သစ် မစ္စတာ...
World MMA Awards မှာ ဂျိုရှူအာဗန် ဆုနှစ်ဆုအတွက် ဆန်ခါတင်စာရင်းဝင်နေ
ဇူလိုင် ၈၊ ၂၀၂၆ ၁၇ ကြိမ်မြောက် World MMA Awards ပွဲကို ဇူလိုင် ၉ ရက် (အမေရိကန်စံတော်ချိန် ဇူလိုင် ၈) မှာ ကျင်းပမှာဖြစ်ပြီး ချင်းတိုင်းရင်းသား မြန်မာဖိုက်တာ ဂျိုရှူအာဗန်က...
ဗီယက်နမ်-မြန်မာ ခြေစမ်းပွဲအတွက် ကွင်းဝင်ကြေးလက်မှတ်နှုန်းထားများ VFF ထုတ်ပြန်
ဇူလိုင် ၈၊ ၂၀၂၆ ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ် (VFF) ဟာ မြန်မာ့လက်ရွေးစင်အသင်းနဲ့ ဗီယက်နမ်လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားမယ့် နိုင်ငံတကာခြေစမ်းပွဲအတွက် ကွင်းဝင်ကြေးလက်မှတ်ဈေးနှုန်းများကို ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။ VFF ဟာ မြန်မာ့လက်ရွေးစင်အသင်းနဲ့ ဗီယက်နမ်လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားမယ့် နိုင်ငံတကာခြေစမ်းပွဲအတွက် ကွင်းဝင်ကြေးလက်မှတ်ဈေးနှုန်းများအဖြစ်...
မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်သစ်အဖြစ် တာဝန်ယူမည့် ဂျွန် အန်ဒါဆင် ရန်ကုန်သို့ ရောက်ရှိ
ဇူလိုင် ၇၊ ၂၀၂၆ မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်း၏ နည်းပြချုပ်သစ်အဖြစ် တာဝန်ယူရန် ရွေးချယ်ခံထားရသည့် နော်ဝေလူမျိုး၊ ဂျာမန်နိုင်ငံသား ဝါရင့်နည်းပြ ဂျွန် အန်ဒါဆင် (Jørn Andersen) သည် ယနေ့ (ဇူလိုင် ၇ ရက်)...
