// | DailyBriefNews အချစ်ဒရာမာဇာတ်လမ်းပုံစံ "အတ္တရောင်အချစ်" ဇာတ်လမ်းတွဲ ကန်တော့ပွဲပေး ကျင်းပ -

အချစ်ဒရာမာဇာတ်လမ်းပုံစံ “အတ္တရောင်အချစ်” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေး ကျင်းပ

အချစ်ဒရာမာဇာတ်လမ်းပုံစံ “အတ္တရောင်အချစ်” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးအခမ်းအနားကို ယနေ့ ဇူလိုင် ၇ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ ‌ကျိုက္ကစံဆံတော်ရှင်စေတီတော်မြတ်မှာ ကျင်းပခဲ့ပါတယ်။

“မေကို ဗီလိန်ကာရိုက်တာနဲ့ ရိုက်ကူးခွင့်ရချင်ခဲ့တာပါ။ ဒီကာရိုက်တာ ရိုက်ခွင့်ရတော့ စိတ်လှုပ်ရှားရမယ်လူတွေအပေါ်မှာ အထက်စီးက ဆက်ဆံရမယ်သူဆိုတော့ ကိုယ့်ကြောင့် ဇာတ်တစ်ခုလုံး တစ်ခုခုဖြစ်သွားမလားပေါ့။ အချစ်တွေက အတ္တတွေပြည့်နှက်တဲ့ အချစ်ဆိုတော့လေ။ ကိုယ့်ကို ခပ်ဆိုးဆိုးကောင်မလေး ကာရိုက်တာနဲ့တွေ့မြင်ရမှာပါ။ ပရိသတ်တွေ ဘယ်လိုလောင်ရမလဲဆိုတာကိုတော့ ပြသချိန်မှာ သိရမှာပါ” လို့ သရုပ်ဆောင် မေသူထွန်းက ပြောပါတယ်။

အဆိုပါဇာတ်ကားကို ဇာတ်လမ်း နဲ့ဇာတ်ညွန်း မင်းယုကရေးသားပြီးတော့ ဒါရိုက်တာ မင်းစနေက ကျေးလက်ဒေသအ‌ခြေခံ အချစ်ဒရာမာဇာတ်လမ်းကို မန္တလေးမှာ လာမယ့် ၁၈ ရက်နေ့မှာရိုက်ကူးသွားမှာဖြစ်ပါတယ်။ သရုပ်ဆောင်ဖြစ်တဲ့ ညိမ်း‌သော်၊ မေသူထွန်း၊ ရွှေပုဏ္ဏမီကျော် ၊ မြတ်မှူးဝတီကျော် ၊ သာသာနဲ့ အခြား အနုပညာရှင်တွေပါဝင်ကြမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၇-၇-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post မိုးရွာသွန်းမှုကြောင့်ပြိုကျခဲ့သည့် နန်းယွန်း-ပန်ဆောင်သွား လမ်းပိုင်း တစ်ပတ်ကျော်အထိ မပြုပြင်နိုင်သေးသည့်အတွက် ဒေသခံများ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေ