ချန်ပီယံရှစ်ရဲ့ ချန်ပီယံအဖြစ်နဲ့ ပရီးမီးယားလိဂ်ဆီကို ပြန်လည် ချီတက်လာမယ့် မြေခွေးပြာများ
ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို တန်းပြန်တက်ခွင့် ရရှိထားတဲ့ လက်စတာအသင်းဟာ ဒီညမှာပဲ ပရက်စတန်အသင်းကို (၃)ဂိုးပြတ်နဲ့ အနိုင်ရလိုက်တာကြောင့် ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ ချန်ပီယံပါ ဖြစ်သွားခဲ့ရပါတယ်။ ဒါကြောင့် လက်စတာအသင်းဟာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရပြီး တစ်နှစ်အကြာမှာပဲ ချန်ပီယံရှစ်ရဲ့ အမှတ်ပေး ချန်ပီယံဆုနဲ့အတူ ပရီးမီးယားလိဂ် ပြိုင်ပွဲဆီကို တစ်ဖန်ပြန်လည် တက်လှမ်းလာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။



လက်စတာနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တိုက်ရိုက် တန်းတက်ခွင့် ရရှိနိုင်မယ့် အဆင့် (၂)နေရာအတွက်ကိုတော့ လိဒ်စ်နဲ့ အစ်ဝစ်ချ်တို့က အပြိုင်ဖြစ်နေကြပြီး လိဒ်စ်က အစ်ဝစ်ချ်ထက် တစ်ပွဲပိုကစားထားပြီး အမှတ် (၉၀)ချင်း တူနေတာကြောင့် အစ်ဝစ်ချ်အသင်းမှာ အခွင့်အရေး ပိုရှိနေရပါတယ်။
More Stories
မြန်မာ FIFAe Football (Mobile) အသင်း ကမ္ဘာ့ဖလားဝင်ခွင့်ရရှိရန် နီးစပ်၊ အာရှအဆင့် ၆ သင်းစာရင်းဝင်
ဇူလိုင် ၁၀၊ ၂၀၂၆ FIFAe Football (Mobile) ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာအသင်းသည် ယနေ့ကျင်းပခဲ့သည့် ရှုးထွက်အဆင့်ပွဲစဉ်များအပြီး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခြင်း မရှိခဲ့သော်လည်း Consistency Ranking အရ အာရှဒေသ၏ နောက်ဆုံးအဆင့် Top...
၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲကို မြန်မာအမျိုးသမီးအသင်း ပါဝင်ယှဉ်ပြိုင်ခွင့်ရ
ဇူလိုင် ၁၀၊ ၂၀၂၆ ၂၀ ကြိမ်မြောက် ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲကို မြန်မာအမျိုးသမီးအသင်း ပါဝင်ယှဉ်ပြိုင်ခွင့်ရမှာဖြစ်ကြောင်း သိရပါတယ်။ ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲကို ၂၀၂၆ အာရှဖလားအမျိုးသမီးပြိုင်ပွဲဝင်ခွင့်ရ အသင်း ၁၂ သင်းနဲ့ ကျင်းပရန်စီစဉ်ထားတာဖြစ်ပါတယ်။...
မြန်မာ့လက်ရွေးစင် အမျိုးသားအသင်း နည်းပြချုပ်သစ် ယွန် အန်ဒါဆင်နှင့် စာချုပ်ချုပ်ဆိုလိုက်ပြီ
ဇူလိုင် ၁၀၊ ၂၀၂၆ "ကျွန်တော့်ရဲ့ စာချုပ်သက်တမ်း အတွင်းမှာ မြန်မာကစားသမားတွေ တိုးတက်လာဖို့နဲ့ မြန်မာ့လက်ရွေးစင်အသင်း အောင်မြင်နိုင်သမျှ အောင်မြင်ဖို့ ကြိုးစားစွမ်းဆောင်သွားမှာပါ" ယွန် အန်ဒါဆင် (မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်) မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း နည်းပြချုပ်သစ် မစ္စတာ...
World MMA Awards မှာ ဂျိုရှူအာဗန် ဆုနှစ်ဆုအတွက် ဆန်ခါတင်စာရင်းဝင်နေ
ဇူလိုင် ၈၊ ၂၀၂၆ ၁၇ ကြိမ်မြောက် World MMA Awards ပွဲကို ဇူလိုင် ၉ ရက် (အမေရိကန်စံတော်ချိန် ဇူလိုင် ၈) မှာ ကျင်းပမှာဖြစ်ပြီး ချင်းတိုင်းရင်းသား မြန်မာဖိုက်တာ ဂျိုရှူအာဗန်က...
ဗီယက်နမ်-မြန်မာ ခြေစမ်းပွဲအတွက် ကွင်းဝင်ကြေးလက်မှတ်နှုန်းထားများ VFF ထုတ်ပြန်
ဇူလိုင် ၈၊ ၂၀၂၆ ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ် (VFF) ဟာ မြန်မာ့လက်ရွေးစင်အသင်းနဲ့ ဗီယက်နမ်လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားမယ့် နိုင်ငံတကာခြေစမ်းပွဲအတွက် ကွင်းဝင်ကြေးလက်မှတ်ဈေးနှုန်းများကို ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။ VFF ဟာ မြန်မာ့လက်ရွေးစင်အသင်းနဲ့ ဗီယက်နမ်လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားမယ့် နိုင်ငံတကာခြေစမ်းပွဲအတွက် ကွင်းဝင်ကြေးလက်မှတ်ဈေးနှုန်းများအဖြစ်...
မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်သစ်အဖြစ် တာဝန်ယူမည့် ဂျွန် အန်ဒါဆင် ရန်ကုန်သို့ ရောက်ရှိ
ဇူလိုင် ၇၊ ၂၀၂၆ မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်း၏ နည်းပြချုပ်သစ်အဖြစ် တာဝန်ယူရန် ရွေးချယ်ခံထားရသည့် နော်ဝေလူမျိုး၊ ဂျာမန်နိုင်ငံသား ဝါရင့်နည်းပြ ဂျွန် အန်ဒါဆင် (Jørn Andersen) သည် ယနေ့ (ဇူလိုင် ၇ ရက်)...
