ဖြူးမြို့တွင် အမျိုးသမီးငယ်တစ်ဦးကို ရည်းစားဖြစ်သူက လည်လှီးသတ်ဖြတ်မှု တရားခံအား ဖမ်းဆီးအရေးယူ
ဖြူးမြို့မှာ အမျိုးသမီးငယ်တစ်ဦးကို ရည်းစားဖြစ်သူက လည်လှီးသတ်ဖြတ်လိုက်တဲ့ဖြစ်စဥ်က တရားခံကို ဖမ်းဆီးအရေးယူ ထားတယ်လို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က သိရပါတယ်။
ဖြစ်စဥ်က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နေ့လယ် ၂ နာရီအချိန် ဖြူး ဆေးရုံရပ်နေ အောင်မြတ်သူ (၁၆ နှစ် ၉ လ)နဲ့ ဗထူးလမ်း၊ သိမ်ကုန်းရပ်နေ မပိုးဥ (ခ) ခြူးခက်နွယ် (၂၄)နှစ်တို့ဟာ လူငယ်သဘာဝတွေ့ဆုံကြရင်း စကားများရန်ဖြစ်ကြချိန် အောင်မြတ်သူက ကြက်သွန်လှီးဓားနဲ့လည်ပင်းကို လှီးဖြတ် ထိုးသတ်လို့ ရရှိဒဏ်ရာကြောင့် အခင်းဖြစ်နေရာမှာပဲ မပိုးဥ သေဆုံးခဲ့ပြီး ပြစ်မှုကျုးလွန်သူအပေါ် ဖြူးရဲစခန်းက (ပ)၄၅/၂၀၂၄ပုဒ်မ၃၀၂/၁၁၄ နဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်ထား ရှိတယ်လို့ သိရပါတယ်။


ဒီဖြစ်စဥ်မှာ သတ်ဖြတ်သူဟာ ဘာသာခြားတစ်ဦးဖြစ်ပြီး ပြည်ပအလုပ်လုပ်သွားမဲ့ မပိုးဥကို တားဆီးရာက လည်လှီးသတ် ဖြတ်မှုဖြစ်ပွားတာလို့လည်း လူမှုကွန်ရက်မှာ ရေးသားနေကြပါတယ်။
Previous post
ခွန်ခမာရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ပရမ်စမ်နမ်က ထွန်းထွန်းမင်းကို ဒိုင်အမှတ်ဖြင့်အနိုင်ရ
More Stories
ဗီယက်နမ်၏ နိုင်ငံခြားရေးဝန်ကြီး ဩဂုတ် ၂၆ ရက်တွင် မြန်မာနိုင်ငံသို လာရောက်မည်ဟု ဗီယက်နမ် ထုတ်ပြန်
ဩဂုတ်လ ၂၅ ရက်၊ ၂၀၂၆ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး လီဟိုအိုင်ထရန်း (Le Hoai Trung) သည် ဩဂုတ် ၂၆ ရက်(မနက်ဖြန်)တွင် မြန်မာနိုင်ငံသို့ တရားဝင် ခရီးစဉ်အဖြစ် လာရောက်ရန် စီစဉ်ထားကြောင်း ဗီယက်နမ်...
MOFA ဒုတိယဝန်ကြီး ဦးကိုကိုကျော် ရုရှားသံရုံးယာယီတာဝန်ခံနှင့် UNOPS မြန်မာနိုင်ငံဆိုင်ရာ ယာယီညွှန်ကြားရေးမှူးတို့ကို သီးခြားစီတွေ့ဆုံ
နေပြည်တော်၊ ဩဂုတ် ၂၅ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် ဩဂုတ် ၂၄ ရက်တွင် ရန်ကုန်မြိုရှိ ရုရှားသံရုံး၏ သံရုံးယာယီတာဝန်ခံ မစ္စ နာတာလီရာ နယ်ဖယ်ဒေါ်ဗာနှင့် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (UNOPS) ၏ မြန်မာနိုင်ငံဆိုင်ရာ ယာယီညွှန်ကြားရေးမှူးနှင့်...
Tesla ကုမ္ပဏီက တရုတ်နိုင်ငံရှိ EV ကား အစီးရေ ၃ သန်းခန့်ကို ပြန်လည်သိမ်းဆည်း
ဩဂုတ်လ ၂၅ ရက်၊ ၂၀၂၆ Tesla ကုမ္ပဏီသည် တရုတ်နိုင်ငံအတွင်း ရောင်းချထားသော EV ကား အစီးရေ ၃ သန်းခန့်ကို ပြန်လည်သိမ်းဆည်းလျက်ရှိကြောင်း CNBC သတင်းတွင် ဖော်ပြထားပါတယ်။ ယခု ပြန်လည်သိမ်းဆည်းရခြင်းမှာ လက်ကိုင်ပျောက်ဒီဇိုင်းပါရှိသည့်...
အိန္ဒိယသမ္မတနိုင်ငံက တပ်မတော်ဆေးတက္ကသိုလ်အတွက် ဆေးပညာသင်ကြားရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းများ ပေးအပ်လှူဒါန်း
ဩဂုတ်လ ၂၅ ရက်၊ ၂၀၂၆ အိန္ဒိယသမ္မတနိုင်ငံအစိုးရက လှူဒါန်းတဲ့ ဆေးပညာသင်ကြားရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းများအား မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးမှတစ်ဆင့် ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက တပ်မတော်ဆေးတက္ကသိုလ်မှာ ကျင်းပပြုလုပ်ခဲ့ရာ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ပြည့်စုံလင်းနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ သင်ထောက်ကူပစ္စည်းများမှာ...
၂၀၂၈ ခုနှစ်တွင် မြန်မာအာကာသယာဉ်မှူး လွှတ်တင်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား
ဩဂုတ်လ ၂၄ ရက်၊ ၂၀၂၆ လာမည့် ၂၀၂၈ ခုနှစ်တွင် မြန်မာအာကာသယာဉ်မှူးကို အာကာသယာဉ်နှင့် စေလွှတ်နိုင်ရေး ထည့်သွင်းဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက ပြောကြားလိုက်ပါတယ်။ နိုင်ငံတော်သမ္မတ၏ ရုရှားနှင့် ဘယ်လာရုစ် ခရီးစဉ်...
ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံတို့သို့ ခရီးစဉ်များ သွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ရောက်ရှိ
ဩဂုတ်လ ၂၄ ရက်၊ ၂၀၂၆ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်နှင့် ဘယ်လာရုစ်နိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုတို့၏ ဖိတ်ကြားချက်အရ တရားဝင်ခရီးစဉ်များ သွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့်...
