တရုတ်ပြည်သူတွေကို တောင်းပန်စကား ဆိုလိုက်ရတဲ့ ရော်နယ်ဒို
January 24,2028
ရော်နယ်ဒိုရဲ့ အယ်လ်နာဆာအသင်းနဲ့ တရုတ်ကလပ် ရှန်ဟိုင်းရှန်ဟွာအသင်းဟာ ယနေ့ ဗုဒ္ဓဟူးနေ့မှာ ချစ်ကြည်ရေးခြေစမ်းပွဲအဖြစ် တရုတ်နိုင်ငံ ရှန်ကျန်းပြည်နယ်မှာ ယှဥ်ပြိုင်ကစားဖို့ ကနဦး စီစဥ်ထား တာပါ။
ဒါက တရုတ်ပြည်သူတွေအတွက် ကမ္ဘ့ာအကောင်းဆုံး ကစားသမားတစ်ဦးကို မြင်တွေ့ရဖို့ အခွင့်အရေး အကြီးကြီး ဖြစ်တာကြောင့် များစွာ မျှော်လင့်တကြီး စောင့်ဆိုင်းနေခဲ့တာပါ။
ဒါပေမယ့်လဲ မမျှော်လင့်ထားပဲ ပွဲကို ဖျက်လိုက်ရပြီး အကြောင်းကတော့ ရော်နယ်ဒို ကြွက်သား ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်ခြင်းမရှိတဲ့အတွက် ဖြစ်ပါတယ်။
ဒီအတွက် မူလ စီစဥ်ထားတဲ့ ရက်ကနေ ဇန်နဝါရီလ ၂၈ ရက်နေ့ကို ပြောင်းလဲ စီစဥ်လိုက်ရပါတယ်။ ဒါပေမယ့်လဲ တရုတ်ပြည်သူတွေက မူလသတ်မှတ်ထားချိန်အတိုင်း ရော်နယ်ဒိုတို့ တည်းခိုမယ့် ဟိုတယ်ကို သွားရောက် ကြိုတင် စောင့်ဆိုင်းနေကြတာပါ။


More Stories
မြန်မာ FIFAe Football (Mobile) အသင်း ကမ္ဘာ့ဖလားဝင်ခွင့်ရရှိရန် နီးစပ်၊ အာရှအဆင့် ၆ သင်းစာရင်းဝင်
ဇူလိုင် ၁၀၊ ၂၀၂၆ FIFAe Football (Mobile) ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာအသင်းသည် ယနေ့ကျင်းပခဲ့သည့် ရှုးထွက်အဆင့်ပွဲစဉ်များအပြီး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခြင်း မရှိခဲ့သော်လည်း Consistency Ranking အရ အာရှဒေသ၏ နောက်ဆုံးအဆင့် Top...
၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲကို မြန်မာအမျိုးသမီးအသင်း ပါဝင်ယှဉ်ပြိုင်ခွင့်ရ
ဇူလိုင် ၁၀၊ ၂၀၂၆ ၂၀ ကြိမ်မြောက် ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲကို မြန်မာအမျိုးသမီးအသင်း ပါဝင်ယှဉ်ပြိုင်ခွင့်ရမှာဖြစ်ကြောင်း သိရပါတယ်။ ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲကို ၂၀၂၆ အာရှဖလားအမျိုးသမီးပြိုင်ပွဲဝင်ခွင့်ရ အသင်း ၁၂ သင်းနဲ့ ကျင်းပရန်စီစဉ်ထားတာဖြစ်ပါတယ်။...
မြန်မာ့လက်ရွေးစင် အမျိုးသားအသင်း နည်းပြချုပ်သစ် ယွန် အန်ဒါဆင်နှင့် စာချုပ်ချုပ်ဆိုလိုက်ပြီ
ဇူလိုင် ၁၀၊ ၂၀၂၆ "ကျွန်တော့်ရဲ့ စာချုပ်သက်တမ်း အတွင်းမှာ မြန်မာကစားသမားတွေ တိုးတက်လာဖို့နဲ့ မြန်မာ့လက်ရွေးစင်အသင်း အောင်မြင်နိုင်သမျှ အောင်မြင်ဖို့ ကြိုးစားစွမ်းဆောင်သွားမှာပါ" ယွန် အန်ဒါဆင် (မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်) မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း နည်းပြချုပ်သစ် မစ္စတာ...
World MMA Awards မှာ ဂျိုရှူအာဗန် ဆုနှစ်ဆုအတွက် ဆန်ခါတင်စာရင်းဝင်နေ
ဇူလိုင် ၈၊ ၂၀၂၆ ၁၇ ကြိမ်မြောက် World MMA Awards ပွဲကို ဇူလိုင် ၉ ရက် (အမေရိကန်စံတော်ချိန် ဇူလိုင် ၈) မှာ ကျင်းပမှာဖြစ်ပြီး ချင်းတိုင်းရင်းသား မြန်မာဖိုက်တာ ဂျိုရှူအာဗန်က...
ဗီယက်နမ်-မြန်မာ ခြေစမ်းပွဲအတွက် ကွင်းဝင်ကြေးလက်မှတ်နှုန်းထားများ VFF ထုတ်ပြန်
ဇူလိုင် ၈၊ ၂၀၂၆ ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ် (VFF) ဟာ မြန်မာ့လက်ရွေးစင်အသင်းနဲ့ ဗီယက်နမ်လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားမယ့် နိုင်ငံတကာခြေစမ်းပွဲအတွက် ကွင်းဝင်ကြေးလက်မှတ်ဈေးနှုန်းများကို ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။ VFF ဟာ မြန်မာ့လက်ရွေးစင်အသင်းနဲ့ ဗီယက်နမ်လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားမယ့် နိုင်ငံတကာခြေစမ်းပွဲအတွက် ကွင်းဝင်ကြေးလက်မှတ်ဈေးနှုန်းများအဖြစ်...
မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်သစ်အဖြစ် တာဝန်ယူမည့် ဂျွန် အန်ဒါဆင် ရန်ကုန်သို့ ရောက်ရှိ
ဇူလိုင် ၇၊ ၂၀၂၆ မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်း၏ နည်းပြချုပ်သစ်အဖြစ် တာဝန်ယူရန် ရွေးချယ်ခံထားရသည့် နော်ဝေလူမျိုး၊ ဂျာမန်နိုင်ငံသား ဝါရင့်နည်းပြ ဂျွန် အန်ဒါဆင် (Jørn Andersen) သည် ယနေ့ (ဇူလိုင် ၇ ရက်)...
