// | DailyBriefNews တွံတေးသိန်းတန် သီချင်းတွေကို ပုံစံပြောင်းပြီးသီဆိုရင် မရောင်းဘူးဆိုတဲ့ ရွှေရည်သိန်းတန် -

တွံတေးသိန်းတန် သီချင်းတွေကို ပုံစံပြောင်းပြီးသီဆိုရင် မရောင်းဘူးဆိုတဲ့ ရွှေရည်သိန်းတန်

ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ ဂန္ထဝင်အဆိုတော်ကြီး တွံတေးသိန်းတန်ရဲ့ သမီးဖြစ်သူ ရွှေရည်သိန်းတန်ကတော့ ဖခင်ရဲ့ တေးသီချင်းတွေအပေါ် ခံယူချက်တွေကို အင်တာဗျူးတစ်ခု ကတစ်ဆင့် ဖခင် တွံ့တေးသိန်းတန် သီချင်းကို ပုံစံ ပြောင်းပြီး သီဆိုရင် မရောင်းဘူး ဆိုတဲ့ အကြောင်း အခုလို ရင်ဖွင့်လာပါတယ်။

“ကိုယ်အောင်မြင်ချင်တယ်ဆိုတာထက် ရွှေရည် ဖေဖေ့သီချင်းဆိုတိုင်းမှာ ဘယ်တော့မှ ငါအောင်မြင်ချင်တယ်။ ဒီသီချင်းလေး သွင်းလိုက်ရင်တော့ ငါအောင်မြင်မှာပဲ ငါပေါက်သွားမှာပဲဆိုတဲ့စိတ် ရွှေရည်မှာဘယ်တော့မှမရှိဘူး။ အဖေ့ သီချင်းမပျက်စီး ပါစေနဲ့ စိတ်နဲ့ပဲ ရွှေရည်ဆိုခဲ့တယ်။ ရွှေရည် အနုပညာလောကထဲမှာ ရွှေရည်စပြီးတော့ ရပ်တည်ကတည်းက ဖြစ်ခဲ့တဲ့ ခံစားချက်ကို အခုဆိုလို့ရှိရင် ပိုပြီးတော့ စီးပွားရေးကို ပိုပြီး ကြိုးစားတယ်။ ဘာကြောင့် စီးပွားရေးမှာကြိုးစားလဲဆိုတော့ ငါ့အဖေ သီချင်းကို မရောင်းဘဲနဲ့တောင့်ခံနိုင်ရမယ်” ဟု ဆိုကာ ပရိသတ်တွေကိုကို ရင်ဖွင့်လာတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မွန်ပြည်သစ်ပါတီ၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ နိုင်ထောမွန် ထိုင်းနိုင်ငံတွင် ကွယ်လွန်
Next post လွိုင်ကော်မြို့ရှိ သမိုင်းဝင် မြို့နာမ်ရွှေစေတီတော်ကို KNPP နှင့် PDF များက လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီး