// | DailyBriefNews ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ဘုရားစေတီကို ဖြိုဖျက် ဖျက်ဆီးမိသည့်အပေါ် MNDAA က ယနေ့ပြန်လည် တောင်းပန်လာ -

ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ဘုရားစေတီကို ဖြိုဖျက် ဖျက်ဆီးမိသည့်အပေါ် MNDAA က ယနေ့ပြန်လည် တောင်းပန်လာ

မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ လောက်ကိုင်ကို သိမ်းယူပြီးတဲ့နောက်မှာ ဗုဒ္ဓ ဘာသာဝင်တွေ အထွတ်အမြတ်ထားပြီး ခက်ခက်ခဲခဲတည်ထားကိုးကွယ်ခဲ့တဲ့ ဘုရားစေတီကို တူနဲ့ထုပြီး ဖြိုဖျက် ဖျက်ဆီးမိတဲ့အပေါ် MNDAA က တောင်းပန်တဲ့စာ ဒီနေ့ထုတ်ပြန်လာပါတယ်။

လူမှုကွန်ရက်မှာ ပျံ့နှံ့လာတဲ့ ရုပ်သံတွေအရ MNDAA ဝတ်စုံနဲ့ တပ်ဖွဲ့ဝင်တွေဟာ ဘုရားစေတီတော်ပေါ်ကို စစ်ဖိနပ်နဲ့တက် တူနဲ့ထုပြီး ဖြိုဖျက်နေတဲ့အပြင် လူဝတ်တစ်ဦးကလည်း ဗုဒ္ဓဆင်းတုတော်တစ်ဆူကိုပါ ဦးခေါင်းတော်ကနေ ဓားနဲ့ ခွဲနေတာ ကြောင့် ဗုဒ္ဓဘာသာကိုးကွယ်သူတွေကြား စိတ်နှလုံးထိခိုက်စေခဲ့သလို MNDAA ကတော့ စေတီတော်ဖျက်ဆီးမိတဲ့အတွက် တောင်းပန်စာထုတ်လာတာပါ။

ထုတ်ပြန်စာမှာ ဇန်နဝါရီ ၈ ရက်က MNDAA ရဲ့ စစ်ယူနီ ဖောင်းဝတ်ဆင်ထားတဲ့ လူငယ်တစ်ဦးက ဗုဒ္ဓဘာသာဘုရား တစ်ဆူ ကို သံတူနဲ့ ရိုက်ထု ဖျက်ဆီးတဲ့ ဗီဒီယိုဖိုင်ဟာ မီဒီယာပလက်ဖောင်းပေါ် ပျံ့နှံ့ခဲ့တာကြောင့် ပြည်သူလူထုက MNDAA အပေါ် နားလည်မှုလွဲမှားပြီး ပြစ်တင်ရှုတ်ချတာကြောင့် တောင်းပန်တာလို့ ပြောပါတယ်။

ဒီဖြစ်စဥ်မှာ သံတူနဲ့ ဘုရားစေတီတော်ကိုရိုက်ထုခြင်းဟာ MNDAA အမိန့်ပေးတာမဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရ လုပ်ရပ် ဖြစ်ကြောင်း MNDAA အနေနဲ့ လက်အောက်ငယ် သားရဲ့ တပ်စည်းမျဉ်းစည်းကမ်း ညံ့ဖျင်းမှုနဲ့ အရည်အချင်းမရှိတဲ့ လုပ်ဆောင်မှုအတွက် လွန်စွာတောင်းပန်အပ်ကြောင်း၊ MNDAA အဖွဲ့က လွတ်လပ်တဲ့ဘာသာရေးကိုးကွယ်မှုကို လေးစားလိုက်နာပြီး ဘာသာရေးဆန့်ကျင်တာ၊ ဘာသာရေးအဆောက်အအုံဖျက်ဆီးဖို့အမိန့်ပေးတာလုံးဝမရှိကြောင်းနဲ့ စေတီဖျက်ဆီးမှုနဲ့ပတ်သက်ပြီး MNDAA စစ်ရေးကော်မတီက သက်ဆိုင်ရာဌာနကို တာဝန်ပေးထားသလို တရားခံကို အရေးယူအပြစ်ပေးဖို့ ညွှန်ကြားထားတဲ့အပြင် MNDAA အရာရှိနဲ့ စစ်သည်တော်အားလုံး ဘာသာရေးလွတ်လပ်မှုကို လေးစားဖို့၊ ဘာသာရေးအဆောက်အအုံကို အလေးထား အကာအကွယ်ပေးဖို့လည်း ညွှန်ကြားထားတယ်လို့ MNDAA က အခုဝန်ခံတောင်းပန်ချက်မှာ ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ၄ လအတွင်း အင်စတာဂရမ်မှာ ပရိသတ် သိန်းချီရခဲ့တဲ့ AI မော်ဒယ်
Next post ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် ထံမှ(၇၆) နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ