
အဆိုတော် ရှက်ကီရာကို သူ့ရဲ့ဇာတိမြို့မှာ သူမရဲ့ ပုံတူဧရာမ ရုပ်တုကြီးနဲ့ ဂုဏ်ပြု
ဂရမ်မီဆုရှင် ကိုလံဘီယာအဆိုတော် ရှက်ကီရာကို သူ့ရဲ့ဇာတိမြေ ဘာရန်ကွီလာမြို့မှာ နာမည်ကြီးဝမ်းဗိုက်လှုပ်ကနေတဲ့ သူ့ရဲ့ပုံတူကြေးရုပ်တုကြီးနဲ့ ဂုဏ်ပြုထားပါတယ်။ မြို့တော်ဝန် ဟိုမေပူမာရေဟိုက Magdalena မြစ်ကမ်းနားရှိ ပန်းခြံတစ်ခု မှာ ၆.၅ မီတာ (၂၁ ပေ) ရုပ်တုကို အင်္ဂါနေ့က ထုတ်ဖော်ပြသခဲ့တာပါ။
ပညာရှင် ယင်နို မာဂက်ဇ် ထုလုပ်ထားတဲ့ ရှက်ကီရာပုံတူရုပ်တုက သန်းပေါင်းများစွာသောမိန်းကလေးတွေကို သူတို့ရဲ့ အိပ်မက်တွေကို လိုက်စားနိုင်ပြီး သူတို့လိုချင်တဲ့အရာကို အောင်မြင်နိုင်ကြောင်း ပြသနေပါတယ်လို့ မြို့တော်ဝန်က ပြော ပါတယ်။ ကမ္ပည်းပြားတစ်ခုနဲ့လည်း ရှက်ကီရာကို ချီးကျူးဂုဏ်ပြုထားပါတယ်။ ရှက်ကီရာကို ရုပ်တုနဲ့ ဂုဏ်ပြုခံရပြီး ဘာရန်ကွီလာမြို့က အမြဲတမ်း သူ့ရဲ့အိမ်ဖြစ်နေမယ်လို့ မြို့တော်ဝန်ရုံးရဲ့ထုတ်ချက်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
More Stories
ထိုင်းကောင်လေးတစ်ယောက်ကို ရင်ခုန်နေမိပြီလို့ ဖွင့်ဟလာတဲ့ အိအိအောင်ထွန်း@မီးမီး
ပြည်တွင်း ပြည်ပ ပရိသတ်ချစ်ခင်မှု ရရှိလာတဲ့ အလှမယ် သရုပ်ဆောင် အိအိအောင်ထွန်း@မီးမီးကတော့ ထိုင်းကောင်လေးတစ်ယောက်ကို ရင်ခုန်နေမိပြီလို့ ဖွင့်ဟလာပါတယ်။ “မိန်းကလေးဆိုတာ ပိုက်ဆံရှာလည်း တော်ရမယ်လေ။ ပိုက်ဆံရှာတော်လို့ရရင်တော့ ကောင်လေးကို အမ်းမှာပါ။ တချို့ ပရိသတ်တွေက ကိုယ့်ကို ချစ်လို့...
“ပန်းနုသွေးတို့ ဒိုင်ယာရီ”ဇာတ်လမ်းတွဲမှာ ချစ်စရာကောင်းတဲ့ကောင်မလေး နွေးနွေးဆိုတဲ့ ကာရိုက်တာနဲ့ ပရိသတ်မြင်တွေ့ရမှာပါဆိုတဲ့ Ella ရွှေစင်
ပရိသတ်ချစ်ခင်မှုများစွာ ရရှိလာတဲ့ သရုပ်ဆောင် Ella ရွှေစင်ကတော့ “ပန်းနုသွေးတို ဒိုင်ယာရီ” ဇာတ်လမ်းတွဲမှာ ချစ်စရာကောင်းတဲ့ ကောင်မလေး နွေးနွေးဆိုတဲ့ ကာရိုက်တာနဲ့ ပရိသတ်မြင်တွေ့ရမှာလို့ ဆိုပါတယ်။ “ဒီဇာတ်ကားမှာ မထက်တို့ရော တခြား ညီမလေးတွေနဲ့ရော အကုန်လုံးက ချစ်စရာကောင်းတဲ့...
မင်းသား Ajay Devgn’s ရဲ့ Drishyam ကို ၃ ကားမြှောက်အထိ ထုတ်လုပ်မယ်
မင်းသား Ajay Devgn’s ရဲ့ Drishyam 3 ကိုတော့ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့မှာ ရုံတင်ပြသမယ်လို့ တရားဝင်ကြေငြာလိုက်ပါတယ်။ ဒီရုပ်ရှင်ကို ဒါရိုက်တာ Abhishek Pathak က ရိုက်ကူးမှာဖြစ်ပြီး၊...
ဟာသသရဲကားပုံစံ သူကြောက် ကိုယ်ကြောက် ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနား ကျင်းပ
ကုမုဒြာ ရုပ်ရှင်ထုတ်လုပ်ရေးက ဟာသသရဲကားပုံစံ “သူကြောက် ကိုယ်ကြောက်” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို ဇွန်လ ၉ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။ “ဒီရုပ်ရှင်ဇာတ်ကားမှာ ယမုံက နွေးအိစံဆိုတဲ့...
Rock ဘုရင်ဇော်ဝင်းထွဋ် နဲ့ မိုးယုစံတို့တက်ရောက်ခဲ့တဲ့ all for love ဒုတိယနေ့ အခမ်းအနား
Novotel Hotelနဲ့ MY DREAM ONE STOP WEDDING SERVICE& EVENT PLANNING တို့ပူးပေါင်းစီစဥ်ကျင်းပပြုလုပ်တဲ့ ၂၀၂၅ခုနှစ်ရဲ့အကြီးကျယ်ဆုံးနဲ့အခမ်းနားဆုံး ALL FOR LOVE WEDDING FAIR ကြီးရဲ့ ဒုတိယမြောက်နေ့ ကို...
အချစ်၊ အလွမ်း၊ အမုန်း၊ အငြိုး၊ ကလဲ့စားတွေပါဝင်တဲ့ “အချစ်မှာ အပြစ်ရှိသည်” ဇာတ်လမ်းတွဲ စာနယ်ဇင်းမိတ်ဆက်ပွဲ ကျင်းပ
Mahar Application က ပြသမယ့် အချစ်၊ အလွမ်း၊ အမုန်း၊ အငြိုး၊ ကလဲ့စားတွေပါဝင်တဲ့ “အချစ်မှာ အပြစ်ရှိသည်” ဇာတ်လမ်းတွဲ စာနယ်ဇင်းမိတ်ဆက်ပွဲကို ဇွန်လ ၇ ရက် ညနေပိုင်းက ရန်ကုန်မြို့ Inya Lake...