// | DailyBriefNews တခြားသူအဆင်ပြေနေတာမြင်ရင် မနာလိုတတ်တဲ့ပုံကို “ယုံတမ်း” ဇာတ်လမ်းတွဲမှာ အကောင်းဆုံးပုံဖော်ထားတယ် ဆိုတဲ့ ခြူးလေး -

တခြားသူအဆင်ပြေနေတာမြင်ရင် မနာလိုတတ်တဲ့ပုံကို “ယုံတမ်း” ဇာတ်လမ်းတွဲမှာ အကောင်းဆုံးပုံဖော်ထားတယ် ဆိုတဲ့ ခြူးလေး

သူငယ်ချင်းတွေက ဘယ်လောက်ပဲချစ်တယ်ပြောပြော စိတ်ဓာတ်ကျနေချိန်မှာ တခြားသူအဆင်ပြေနေတာမြင်ရင် ဂျေဝင်တာရှိတဲ့အကြောင်း “ယုံတမ်း” ဇာတ်လမ်းတွဲမှာ အကောင်းဆုံးပုံဖော်ထားတယ်လို့ သရုပ်ဆောင် ခြူးလေးက ဆိုပါတယ်။

“ဇာတ်လမ်းတွဲတွေ မရိုက်တာလည်း ကြာပြီမို့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီဇာတ်လေးကို ကမ်းလှမ်းလာတော့ ဇာတ်လေးကို ကြိုက်ခဲ့တယ်။ ကျော့မှူးသွယ် ကာရိုက်တာကို စိန်ခေါ်ကြည့်တဲ့သဘောနဲ့ လက်ခံရိုက်ကူးထားပါတယ်။ ကိုယ် ပြန်ပထမဆုံး ရိုက်တဲ့ဇာတ်မှာ ပေါ့ပေါ့ပါးပါးမဟုတ်ဘဲ သေသေချာချာ အာရုံစိုက်ပြီး သရုပ်ဆောင်ရမယ့်ဇာတ်မို့ ရိုက်ဖြစ်ခဲ့တယ်။ အပြင်မှာ သူငယ်ချင်းတွေက ဘယ်လောက်ပဲချစ်တယ်ပြောပြောလေ။ စိတ်ဓာတ်ကျနေချိန် တခြားသူအဆင်ပြေနေတာမြင်ရင် ဂျေဝင်တာမဟုတ်ပေမယ့် မုဒိတာမထားနိုင်ကြတာ ရှိတယ်လေ။ ဒီစိတ်လူအနည်းနဲ့ အများရှိကြတယ်လေ။ ဒါလေးတွေကို ထည့်ရိုက်ထားတယ်။ ဘယ်သူမှတော့ စင်းလုံးချောမကောင်းဘူး ဆိုတာကို ပြချင်တာပေါ့။ အပြင်မှာ ဘယ်လောက်ပဲချို နေပါစေ အတွင်းစိတ်ထဲမှာ နည်းနည်းခံစားချက်လေးတော့ ရှိကြတယ်” လို့ သရုပ်ဆောင် ခြူးလေးက ပြောပါတယ်။

“ယုံတမ်း”ဟာ သူမ ဇာတ်လမ်းတွဲရိုက်ကူးမှု ခေတ္တရပ်ဆိုင်းအပြီး ပထမဦးဆုံး ပြန်လည်ရိုက်ကူးတဲ့ဇာတ်လမ်းတွဲလည်းဖြစ်ပြီး ကျော့မှူးသွယ်ဆိုတဲ့ ကာရိုက်တာနေရာက ပါဝင်သရုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။ အချစ်ဒရာမာ ဇာတ်လမ်းပုံစံ ယုံတမ်း ဇာတ်လမ်းတွဲကို ဇာတ်လမ်း ရွှန်းလဲ့ရွှေရည်၊ ဇာတ်ညွှန်း ရွှန်းလဲ့ရွှေရည်နဲ့ Bonnie တို့က ရေးသားပြီးတော့ ဒါရိုက်တာ မေဘရဏီက သရုပ်ဆောင် ထက်အောင်ရှိုင်း၊ ဝေဖြိုး၊ မျိုးကိုကျော်၊ ခြူးလေး၊ ချိုမဒီသွင်၊ မိုးပွင့်ဖြူ စတဲ့အနု ပညာရှင်တွေနဲ့ ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဂျပန်နိုင်ငံတွင် ကျင်းပသည့် IKEBANA International Fair 2023 တွင် မြန်မာသံရုံးမှ မြန်မာ့ရိုးရာ လက်မှုပစ္စည်း များ ပါဝင်ခင်းကျင်းပြသ
Next post စာပေသည်နိုင်ငံ၏ ယဉ်ကျေးမှုအဆင့်အတန်း နှင့် အမျိုးသားရေး စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း နစက ဉက္ကဋ္ဌပြောကြား