ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်က တံတားတစ်စင်းကို အကြမ်းဖက်တွေ မိုင်းခွဲဖျက်ဆီး
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်က တံတားတစ်စင်းကို KNU+ PDF အကြမ်းဖက်အုပ်စုက ဒီဇင်ဘာ ၈ ရက် ညပိုင်းမှာ မိုင်းခွဲ ဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။



❝ထန်းကုန်ရွာနဲ့ ဂွေးတောက်ခင်ရွာကြားက တံတားပါဗျ။ ရန်ကုန်-မန္တလေး လမ်းဟောင်းပါ။ အချိန်က ည ၉ နာရီ ကျော်ကျော်လောက်မှာ ပေါက်ကွဲသံတော်တော်ကျယ်ကျယ်ကြားလိုက်ရတာ ဘယ်ကဆိုတာတော့ သေချာမသိဘူး။ မနက်ကျတော့မှ တံတားမိုင်းခွဲခံရတယ်ဆိုတာ သိတာပဲ။❞ လို့ အနီးနေသူဒေသခံက ပြောပြခဲ့တာပါ။
ထိုသို့ မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် အကျယ် ၁၀ ပေဝန်းကျင်ခန့်အထိ ကျိုးကျ ပျက်စီးသွားခဲ့ပေမယ့် မပျက်ဆီးဘဲ ကျန်နေတဲ့ လမ်းပိုင်းကနေ မော်တော်ယာဉ်တွေ သွားလာလျက်ရှိတယ်လို့ သိရပြီး ယနေ့ ဒီဇင်ဘာ ၉ ရက် မနက်ပိုင်းမှာတော့ အုတ်တွင်းမြို့နယ် တာဝန်ရှိသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လာရောက်စစ်ဆေးကာ လမ်းပိုင်းပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
More Stories
၂၀၂၅ ခုနှစ်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
၂၀၂၅ ခုနှစ်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းတွင် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး...
အခြေခံဥပဒေမှ ပြင်ဆင်၍ရသည်များကို ပြင်ဆင်ပေးသွားမည်ဖြစ်ပြီး တိုင်းပြည်ခွဲထွက်ရေးကို တပ်မတော်အနေဖြင့် လုံးဝလက်မခံကြောင်း ယာယီသမ္မတပြောကြား
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်၍ ရသည်များကိုပြင်ဆင်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်အဖွဲ့များနှင့် တွေ့ဆုံစဥ် ပြောကြားခဲ့သည်။ အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်အဖွဲ့များသည် ယာယီသမ္မတ...
မိမိတို့နိုင်ငံတွင် ယခုအချိန်ကစပြီး ပိုမိုကောင်းမွန်တိုးတက်သည့် အခြေအနေကောင်းများ ရရှိခံစားနိုင်မည်ဟု ယုံကြည်ကြောင်း ယာယီသမ္မတပြောကြား
ဒီပါဝလီမီးထွန်းပွဲတော်ကြောင့် မိမိတို့နိုင်ငံတွင် ယခုအချိန်ကစပြီး ပိုမိုကောင်းမွန်တိုးတက်သည့် အခြေအနေကောင်းများ ရရှိခံစားနိုင်မည်ဟု ယုံကြည်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတဗိုလ်ချုပ်မှူးကြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောကြားသည်။ အောက်တိုဘာ ၁၇ ရက်၊ ညနေပိုင်းက ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊...
ရွေးကောက်ပွဲအား ပထမအကြိမ်တွင် ၁၀၂ မြို့နယ်၊ ဒုတိယအကြိမ်တွင် မြို့နယ် ၁၀၀ နှင့် ကျန်မြို့နယ်များကို တတိယအကြိမ်တွင် ပြုလုပ်မည်ဖြစ်ပြီး ထပ်မံကျန်ရှိသည့် မြို့နယ်များအား ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ချိန်တွင် ကျင်းပပေးမည်ဟု ယာယီသမ္မတ ပြောကြား
ရွေးကောက်ပွဲအား သုံးကြိမ်ပြုလုပ်သွားမည်ဖြစ်ပြီး ပထမအကြိမ်တွင် ၁၀၂ မြို့နယ်၊ ဒုတိယအကြိမ်တွင် မြို့နယ် ၁၀၀ နှင့် ကျန်မြို့နယ်များကို တတိယအကြိမ်တွင် ပြုလုပ်မည်ဖြစ်ပြီး ယင်းအနက် ထပ်မံကျန်ရှိသည့် မြို့နယ်များအား လာမည့်အစိုးရနှင့် ရွေးကောက်ပွဲကော်မရှင်တို့က ဦးဆောင်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ချိန်တွင်...
(၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ ယာယီသမ္မတ တက်ရောက် အမှာစကားပြောကြားပြီး ဆုများချီးမြှင့်ပေး
(၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမ္မာန် သဘင်ဆောင်ခန်းမတွင် ကျင်းပရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး...
မြန်မာနိုင်ငံတော် ယာယီသမ္မတ ကာဇက်စတန်နိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံသို့ ဆက်လက်ထွက်ခွာ
ကာဇက်စတန်နိုင်ငံသို့ တရားဝင်အလုပ်သဘောခရီးစဥ်ရောက်ရှိနေသည့် မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၂၉ ရက်နံနက်ပိုင်းက ကာဇက်စတန်နိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့လေဆိပ်သို့ အထူးလေယာဥ်ဖြင့်ဆက်လက်ထွက်ခွာခဲ့သည်။ တရုတ်နိုင်ငံသို့ဆက်လက်ထွက်ခွာမည့် မြန်မာနိုင်ငံတော် ယာယီသမ္မတအား...
