ဗလာဒီမာပူတင် တရုတ်သို့ သွားရန်ရှိ
ဇူလိုင်လ ၁၄၊ ၂၀၂၃ ခုနှစ်
ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ တရုတ်ပြည်ခရီးစဉ်သွားရောက်ဖို့ အစီအစဉ်ရှိထားပြီးဖြစ်တယ်လို့ ကရင်မလင် နန်းတော်က ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်ပါတယ်။ အခုအချိန်ဟာ ရုရှား-တရုတ် နှစ်နိုင်ငံကြား ရှိနှင့်ပြီးသား ခိုင်မာတဲ့ ဆက်ဆံရေးအပေါ် အခြေပြုပြီး ဆက်လက်တည်ဆောက်သွားရဖို့အတွက် အချိန်ကောင်းဖြစ်တယ်လို့ လည်း ဖြည့်စွက်ထုတ်ပြန်ထားပါတယ်။
ပူတင်ရဲ့ ခရီးစဉ်စတင်မဲ့ ရက်စွဲကို အပြီးသတ်အတည်ပြုမှုတွေလုပ်ပြီး နောက် ဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့ ကရင်မလင် ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီ ပက်ရှ်ကော့ဗ်က ပြောပါ တယ်။ ရုရှားနိုင်ငံဟာ ယူကရိန်းအရေးကြောင့် အနောက်အုပ်စုနဲ့ ဆက်ဆံရေး အေးစက်သွားပြီးနောက် တရုတ် နိုင်ငံနဲ့ စီးပွားရေး ၊ ကုန်သွယ်ရေး ၊ နိုင်ငံရေးနဲ့ စစ်ရေးပူးပေါင်းမှုတွေ အားကောင်းခိုင်မာစေဖို့ အားထုတ်ခဲ့တာ ဖြစ်ပါတယ်။
More Stories
စပိန်နိုင်ငံတောင်ပိုင်းတွင် တောမီးလောင်ကျွမ်းရာမှ လူ ၁၂ ဦး သေဆုံး၊ မီးသတ်သမား ၁၅၀ ခန့် ငြှိမ်းသတ်နေရကာ အစိုးရက မကြုံစဖူး ကပ်ဘေးအဖြစ် ကြေညာ
ဇူလိုင်လ ၁၁ ရက်၊ ၂၀၂၆ စပိန်နိုင်ငံတောင်ပိုင်း အန်ဒါလူစီယာပြည်နယ်ရှိ အယ်လ်မီးရီးယားခရိုင်တွင် တောမီးလောင်ကျွမ်းမှုကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ကြောင်းနှင့် အပူချိန်အဆမတန်မြင့်မားချိန်တွင် ဖြစ်ပွားခဲ့သော အဆိုပါ တောမီးကို မီးသတ်သမား ၁၅၀ ခန့်က ဝိုင်းဝန်းငြှိမ်းသတ်နေရကြောင်း...
မြန်မာနှင့် ကမ္ဘောဒီးယားတို့အပြီးတွင် သီရိလင်္ကာနိုင်ငံသည် နိုင်ငံတကာ တရားမဝင် အွန်လိုင်းလောင်းကစားဗဟိုချက်တစ်ခု ဖြစ်လာနေကြောင်း ပြည်သူ့ဘဏ္ဍာရေးကော်မတီဥက္ကဋ္ဌ သတိပေး
ဇူလိုင်လ ၁၁ ရက်၊ ၂၀၂၆ သီရိလင်္ကာနိုင်ငံသည် မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ပြီးလျှင် တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းများ၏ နိုင်ငံတကာဗဟိုချက်တစ်ခု ဖြစ်လာနေကြောင်း ပြည်သူ့ဘဏ္ဍာရေးဆိုင်ရာကော်မတီ (COPF) ဥက္ကဋ္ဌ၊ လွှတ်တော်အမတ် ဟာရှာ ဒီ ဆေးလ်ဗား (Harsha de...
ဖိလစ်ပိုင်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုရာ လူခြောက်ဦးသေဆုံးပြီး သုံးဦးပျောက်ဆုံးနေဆဲ
ဇူလိုင်လ ၁၁ ရက်၊ ၂၀၂၆ ဖိလစ်ပိုင်နိုင်ငံ၊ ဆာရန်ဂါနီပြည်နယ်အတွင်း မာလာပါတန်မြို့၊ ပိုဘလာစီယွန် ရပ်ကွက်တွင် Sitio Blesong Fundao ၌ ဇူလိုင်လ ၁၀ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုခဲ့ရာ အိမ်နှစ်လုံး မြှုပ်နှံခံရပြီးနောက်...
ကျောင်းသူ ၁၁ ဦးကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်သည့် ပင်စင်ယူခါနီး ထိုင်းကျောင်းအုပ်ကြီးတစ်ဦးအား ပြင်းထန်စွာ အရေးယူရန် ပညာရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးရေး အမိန့်ထုတ်
ဇူလိုင်လ ၁၁ ရက်၊ ၂၀၂၆ ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်ရှိ ကျောင်းအုပ်ကြီးတစ်ဦးသည် ကျောင်းသူ ၁၁ ဦးကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခဲ့သည်ဟူသော စွပ်စွဲချက်နှင့် ပတ်သက်၍ ရာထူးမှ နှုတ်ထွက်စာ တင်ထားပြီးဖြစ်သော်လည်း ၎င်းအပေါ် ပြင်းထန်သည့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ...
မူးယစ်ဆေးစွဲနေသည့် ဖခင်ဖြစ်သူ၏ နှိပ်စက်မှုမှ လွတ်မြောက်ရေး မိမိကိုယ်ကိုယ်သတ်သေဖို့ ကြိုးပမ်းခဲ့သည့် ထိုင်းကလေးငယ် ၃ ဦးအား ဝိုင်းဝန်းကယ်ဆယ်နိုင်ခဲ့
ဇူလိုင်လ ၁၁ ရက်၊ ၂၀၂၆ ထိုင်းနိုင်ငံ နခွန်စီသမာရတ်ပြည်နယ်တွင် မူးယစ်ဆေးစွဲနေသော ဖခင်ဖြစ်သူ၏ နှိပ်စက်ညှင်းပန်းမှုများမှ လွတ်မြောက်လိုသဖြင့် ပင်လယ်ထဲသို့ လမ်းလျှောက်ဝင်ကာ မိမိကိုယ်ကိုယ်သတ်သေရန် ကြိုးပမ်းခဲ့သည့် ကလေးငယ် ၃ ဦးအား ဘေးကင်းစွာ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရပါတယ်။...
မလေးရှားနိုင်ငံ ဘာတူပါဟတ်မြို့တွင် မြန်မာနိုင်ငံသား ၁၉ ဦးအပါအဝင် တရားမဝင်ရွှေ့ပြောင်းလုပ်သား ၃၁ ဦး ဖမ်းဆီးခံရ
ဇူလိုင်လ ၁၀ ရက်၊ ၂၀၂၆ မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်၊ ဘာတူပါဟတ်မြို့တွင် ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၈ ရက်) က ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးများအတွင်း လူဝင်မှုကြီးကြပ်ရေးဌာနက တရားမဝင် ရွှေ့ပြောင်းလုပ်သား ၃၁ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု...
