// | DailyBriefNews ဗန့်ကာရိုက်တာ သရုပ်ဆောင်ချိန်မှာ မတော်တရော် ပြောတဲ့သူတွေရှိခဲ့တယ်လို့ ဖြိုးသံသာချို ရင်ဖွင့် -

ဗန့်ကာရိုက်တာ သရုပ်ဆောင်ချိန်မှာ မတော်တရော် ပြောတဲ့သူတွေရှိခဲ့တယ်လို့ ဖြိုးသံသာချို ရင်ဖွင့်

MRTV-4 ရုပ်သံလိုင်းတွေက ဗန့်ကာရိုက်တာနဲ့ များစွာသရုပ်ဆာင်ပေမယ့် ပရိသတ်အမြင်မကျယ်သေးတဲ့ကာလမို့ Messenger ကနေ လာဆဲကြတယ် နင်လမ်းသွားရင် ကြည့်သွားနော် လုပ်ပစ်မှာဆိုပြီး ပြောတဲ့သူတွေ ရှိတယ်လို့ သရုပ်ဆောင် ဖြိုးသံသာချိုက ဆိုပါတယ်။

“ညီမကို ကမ်းလှမ်းတဲ့ဇာတ်တွေက ဗန့်ကာရိုက်တာတွေများတယ်။ ဗန့်တော့ မလုပ်တော့ဘူးဆိုပြီး ရပ်လိုက်သလိုဖြစ်သွားတယ်။ ခုချိန်မှသာ ဗန့်ကာရိုက်တာကို ပရိသတ်ကအားပေးကြတာလေ။ ညီမတို့ခေတ်မှာ ဗန့်တွေကို အားပေးတဲ့သူမရှိဘူး။ ဗန့်ကာရိုက်တာနဲ့ သရုပ်ဆောင်ခဲ့ချိန်က Messenger ကနေ လာဆဲကြတယ်။ နင်လမ်းသွားရင် ကြည့်သွားနော် လုပ်ပစ်မှာဆိုပြီး ပြောတဲ့သူတွေရှိတယ်။ ကိုယ် ဗန့်စလုပ်ချိန်မှာ စိတ်မကောင်းဖြစ်မိတယ်။ ကိုယ့်မှာ သဏ္ဌာန်လုပ်သရုပ်တူအောင် လုပ်ရတာပေါ့။ ခံစားရတယ်။ ခုနောက်ပိုင်း ဗန့်ကာရိုက်တာကို အားပေးလာတာကို ဝမ်းသာတယ်”လို့ သရုပ်ဆောင် ဖြိုးသံသာချိုက MT News ကို ပြောပါတယ်။

သူမကတော့ ၃ နှစ်ကျော်လောက် အနုပညာအလုပ်တွေ ရပ်နားထားပြီး ပြန်လည်ရိုက်ကူးရေးလုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။ သရုပ်ဆောင် ဖြိုးသံသာချိုကတော့ မိုးကောင်းကင် အိပ်မက်၊ ရတနာထဲက ရတနာ၊ ဂျီဟောသူ စတဲ့ ဇာတ်လမ်းတွဲများစွာ ပါဝင်သရုပ်ဆောင်ထားသူလည်း ဖြစ်ပါတယ်။ MRTV – 4 ရုပ်သံလိုင်းက လက်ရှိ ထုတ်လွှင့်ပြသနေတဲ့ “အဖြူရောင် သက္ကရာဇ်” ဇာတ်လမ်းတွဲမှာ ကျောင်းဆရာမနေရာက ပါဝင်သရုပ်ဆောင်နေလျှက်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဇလန်စကီးက အသည်းအသန် တောင်းဆိုခဲ့သော်လည်း ယူကရိန်းအား မဟာမိတ်အဖွဲ့ထဲဝင်ရန် နေတိုး မဖိတ်ကြားခဲ့
Next post ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီပြောလာ