
လွိုင်ကော်မှာ အကြမ်းဖက်များလက်နက်ကြီးများနဲ့ ပစ်ခတ်မှု ကြောင့် အရပ်သား ၃၀ ကျော် သေဆုံး
ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့မှာ နိုဝင်ဘာလ ၁၁ ရက်နေ့က ၁၁၁၁ စစ်ဆေးရေး စတင်ပြီးနောက် အကြမ်းဖက် PDF ၊ ကရင်နီတော်လှန်ရေး အင်အားစုများနှင့် လုံခြုံရေးတပ်တွေနဲ့တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။



မြို့ပေါ်မှာ လုံခြုံရေးယူနေသော တပ်ဖွဲ့တွေဆီသို့ အကြမ်းဖက်တွေက လက်နက်ကြီး ရမ်းသန်း ပစ်ခတ်မှုကြောင့် ဒီကနေ့ အထိ နာနတ်တော၊နန့်ကွတ်၊ ဓမ္မရုံ၊ ဒေါဥခူ၊ နောင်ယား၊ ထေးငါးလျား စတဲ့ ရပ်ကွက်တွေမှာ အယောက် ၃၀ ကျော် သေဆုံး ခဲ့ပြီး နာနတ်တော ရပ်ကွက် တစ်ခုနဲ့တင် သေဆုံးသူဦးရေ ၂၀ ရှိတယ်လို့ သိရှိရပါတယ်။
ဒီနေ့ (နိုဝင်ဘာ ၁၄) မနက်ပိုင်းတုန်းကလည်း အ.ထ.က ၃ ကျောင်းရှေ့က ဖြတ်သွားတဲ့ ဆိုင်ကယ်တစ်စီးနဲ့၊ ကားတစ်စီးကို အကြမ်းဖက်များက အကြောင်းမဲ့ ပစ်ခတ်ခဲ့ပြီး ဆိုင်ကယ်မောင်းသူ ပွဲချင်းပြီး သေဆုံးခဲ့ပေမယ့် ကားသမားကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
More Stories
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၂၀၂၅ ခုနှစ်၊ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအား မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်တော်အနီး၌ ကျင်းပ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်တော်အနီး၌ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ...
နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော လျှိုကျိုးမြို့ရှိ လျှိုကျိုးစက်မှုပြတိုက်နှင့် SAIC GM-Wuling Auto Co., Ltd ၏ ဝူလင်မော်တော်ယာဉ် ထုတ်လုပ်ရေးစက်ရုံတို့သို့ သွားရောက်လေ့လာ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့တွင်ရောက်ရှိနေသောနိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောသည်ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဦးချစ်ဆွေ၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်မောင်ဆွေ၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး မစ္စ မာကျားနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့က လျှိုကျိုးမြို့ရှိ လျှိုကျိုးစက်မှုပြတိုက်နှင့် SAIC GM-Wuling Auto Co., Ltd....
မကွေးမြသလွန်စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို အောက်တိုဘာ ၁ ရက်မှ စကာ ရက် ၂၀ ကြာကျင်းပမည်
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ မြသလွန်စေတီတော်၏ (၂၅၈၉) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပသွားမည်ဖြစ်ကြောင်း မြသလွန်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။ အဆိုပါပွဲတော်ကို အောက်တိုဘာလ ၁ ရက် မှ ၂၀ ရက်(သီတင်းကျွတ်လဆန်း ၁၀ ရက် မှ...
တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံလိုကြပြီး ရင်းနှီးမြှုပ်နှံမှုများကို ယွမ်ဖြင့်ပြုလုပ်နိုင်ရေးအမြန်ဆုံးဆောင်ရွက်မည်
တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့နှင့် စီချွမ်ပြည်နယ်၊ ချန်ဒူးမြို့တို့၌ တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ ကုန်သည်များနှင့်တွေ့ဆုံစဉ် ၎င်းတို့မှ မြန်မာနိုင်ငံတွင်လာရောက်ရင်းနှီး မြှုပ်နှံလိုကြသည်ဟု မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ စက်တင်ဘာ...
ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အားလုံးက ပူးပေါင်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြား
လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာကျင်းပမည့် လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ နိုင်ငံကောင်းအောင်ဆောင်ရွက်မည့်သူများပေါ်ထွက်လာစေရေးအတွက်ဆောင်ရွက်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံတော် နိုင်ငံတော်လုံခြုံရေးနှင့်...
ပြည်ထောင်စုအကျိုးအတွက် PDF အမည်ခံများနှင့် လက်နက်ကိုင်အုပ်စုများ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်ရန် နိုင်ငံတော်အစိုးရနှင့် တပ်မတော်က ထပ်မံဖိတ်ခေါ်
PDF အမည်ခံများ အပါအဝင် လက်နက်ကိုင်အုပ်စုများအနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ရေးကို မျှော်မှန်းကာ နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့်လက်တွဲ၍ နိုင်ငံတော်အကျိုး၊ ဒေသအကျိုးကို ဖော်ဆောင်ရန်ဆန္ဒရှိပါက နိုင်ငံတော်အစိုးရနှင့် တပ်မတော်က ကြိုဆိုလက်ခံမည်ဖြစ်ပြီး တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ နီးစပ်ရာတပ်စခန်းများ၊...