ချန်ပီယံလိဂ်မှာ ဂိုးသွင်းနိုင်တဲ့ စတုတ္ထမြောက် တောင်ကိုရီးယားသား
ပြီးခဲ့တဲ့ဇူလိုင်မှာ မာယော့ကာကနေ ၅ နှစ်စာချုပ်နဲ့ရောက်လာပြီး ပီအက်စ်ဂျီအတွက် ကိုယ်စားပြုတဲ့ ပထမဆုံး တောင်ကိုရီးယားသားဖြစ်လာတယ်။ အဲဒီကနေ ၃ လကျော်အကြာဖြစ်တဲ့ အေစီမီလန်နဲ့ချန်ပီယံလိဂ်အိမ်ပွဲမှာတော့ လူစားဝင်ပြီး ပွဲသိမ်းဂိုးသွင်းပေးနိုင်ခဲ့လို့ ပီအက်စ်ဂျီကစားသမားဘဝ ပထမဆုံးသွင်းဂိုးကို စတင်ရရှိခဲ့တယ်။

လူစားဝင်လာပြီး ပွဲကစားချိန်(၈၈)မိနစ်မှာ ဘယ်ခြေဖြင့် လှလှပပဂိုးသွင်းနိုင်ခဲ့သဖြင့် ပထမဆုံးချန်ပီယံလိဂ် ဂိုးရရှိခဲ့တာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်သမိုင်းမှာလည်း ပက်ဂျီဆန်၊ ဆွန်ဟောင်မင်နဲ့ ဟွမ်ဟီချန်တို့ပြီးရင် ဂိုးသွင်းနိုင်တဲ့ စတုတ္ထမြောက် တောင်ကိုရီးယားသားဖြစ်လာတယ်။ ၂၂ နှစ်အရွယ် လီကန်အင်ဆိုတဲ့ တောင်ပံကစားသမားလေးအတွက်တော့ တကယ့်ကို မှတ်မှတ်ရရချန်ပီယံလိဂ်ဂိုးဖြစ်သွားပါတယ်။
ပေါ့။
More Stories
မြန်မာ FIFAe Football (Mobile) အသင်း ကမ္ဘာ့ဖလားဝင်ခွင့်ရရှိရန် နီးစပ်၊ အာရှအဆင့် ၆ သင်းစာရင်းဝင်
ဇူလိုင် ၁၀၊ ၂၀၂၆ FIFAe Football (Mobile) ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာအသင်းသည် ယနေ့ကျင်းပခဲ့သည့် ရှုးထွက်အဆင့်ပွဲစဉ်များအပြီး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခြင်း မရှိခဲ့သော်လည်း Consistency Ranking အရ အာရှဒေသ၏ နောက်ဆုံးအဆင့် Top...
၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲကို မြန်မာအမျိုးသမီးအသင်း ပါဝင်ယှဉ်ပြိုင်ခွင့်ရ
ဇူလိုင် ၁၀၊ ၂၀၂၆ ၂၀ ကြိမ်မြောက် ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲကို မြန်မာအမျိုးသမီးအသင်း ပါဝင်ယှဉ်ပြိုင်ခွင့်ရမှာဖြစ်ကြောင်း သိရပါတယ်။ ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲကို ၂၀၂၆ အာရှဖလားအမျိုးသမီးပြိုင်ပွဲဝင်ခွင့်ရ အသင်း ၁၂ သင်းနဲ့ ကျင်းပရန်စီစဉ်ထားတာဖြစ်ပါတယ်။...
မြန်မာ့လက်ရွေးစင် အမျိုးသားအသင်း နည်းပြချုပ်သစ် ယွန် အန်ဒါဆင်နှင့် စာချုပ်ချုပ်ဆိုလိုက်ပြီ
ဇူလိုင် ၁၀၊ ၂၀၂၆ "ကျွန်တော့်ရဲ့ စာချုပ်သက်တမ်း အတွင်းမှာ မြန်မာကစားသမားတွေ တိုးတက်လာဖို့နဲ့ မြန်မာ့လက်ရွေးစင်အသင်း အောင်မြင်နိုင်သမျှ အောင်မြင်ဖို့ ကြိုးစားစွမ်းဆောင်သွားမှာပါ" ယွန် အန်ဒါဆင် (မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်) မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း နည်းပြချုပ်သစ် မစ္စတာ...
World MMA Awards မှာ ဂျိုရှူအာဗန် ဆုနှစ်ဆုအတွက် ဆန်ခါတင်စာရင်းဝင်နေ
ဇူလိုင် ၈၊ ၂၀၂၆ ၁၇ ကြိမ်မြောက် World MMA Awards ပွဲကို ဇူလိုင် ၉ ရက် (အမေရိကန်စံတော်ချိန် ဇူလိုင် ၈) မှာ ကျင်းပမှာဖြစ်ပြီး ချင်းတိုင်းရင်းသား မြန်မာဖိုက်တာ ဂျိုရှူအာဗန်က...
ဗီယက်နမ်-မြန်မာ ခြေစမ်းပွဲအတွက် ကွင်းဝင်ကြေးလက်မှတ်နှုန်းထားများ VFF ထုတ်ပြန်
ဇူလိုင် ၈၊ ၂၀၂၆ ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ် (VFF) ဟာ မြန်မာ့လက်ရွေးစင်အသင်းနဲ့ ဗီယက်နမ်လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားမယ့် နိုင်ငံတကာခြေစမ်းပွဲအတွက် ကွင်းဝင်ကြေးလက်မှတ်ဈေးနှုန်းများကို ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။ VFF ဟာ မြန်မာ့လက်ရွေးစင်အသင်းနဲ့ ဗီယက်နမ်လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားမယ့် နိုင်ငံတကာခြေစမ်းပွဲအတွက် ကွင်းဝင်ကြေးလက်မှတ်ဈေးနှုန်းများအဖြစ်...
မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်သစ်အဖြစ် တာဝန်ယူမည့် ဂျွန် အန်ဒါဆင် ရန်ကုန်သို့ ရောက်ရှိ
ဇူလိုင် ၇၊ ၂၀၂၆ မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်း၏ နည်းပြချုပ်သစ်အဖြစ် တာဝန်ယူရန် ရွေးချယ်ခံထားရသည့် နော်ဝေလူမျိုး၊ ဂျာမန်နိုင်ငံသား ဝါရင့်နည်းပြ ဂျွန် အန်ဒါဆင် (Jørn Andersen) သည် ယနေ့ (ဇူလိုင် ၇ ရက်)...
