// | DailyBriefNews ပြင်သစ်သမ္မတ မက်ခရွန်က အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်ကို ဝေဖန်လိုက်သလို ပါရီမြို့၏ နေရာအချို့တွင် ဆန္ဒပြမှုများကို တားမြစ်ပိတ်ပင် -

ပြင်သစ်သမ္မတ မက်ခရွန်က အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်ကို ဝေဖန်လိုက်သလို ပါရီမြို့၏ နေရာအချို့တွင် ဆန္ဒပြမှုများကို တားမြစ်ပိတ်ပင်

အောက်တိုဘာလ ၂၂ ရက်၊ ၂၀၂၆

ပြင်သစ်နိုင်ငံတွင် ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ပညာရေးပြုပြင်ပြောင်းလဲရေး တောင်းဆိုရာမှစတင်ကာ ဆူပူအုံကြွမှုများ အရှိန်မြင့်တက်လာနေချိန်တွင် ပါရီရဲတပ်ဖွဲ့က အောက်တိုဘာလ ၂၂ ရက်၌ သမ္မတအိမ်တော်၊ လွှတ်တော်နှင့် Louvre ပြတိုက် အပါအဝင် မြို့တွင်း ထင်ရှားသည့်နေရာအချို့တွင် ဆန္ဒပြခွင့်နှင့် လူစုလူဝေးပြုလုပ်ခွင့်များကို တိုးမြှင့်ကန့်သတ်လိုက်ကြောင်း သိရပါတယ်။

တစ်ချိန်တည်းတွင် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ပြင်သစ် မငြိမ်မသက်မှုများအတွက် ရွှေ့ပြောင်းနေထိုင်သူများနှင့် အစွန်းရောက်များကြောင့်ဟု စွပ်စွဲပြောဆိုခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်နှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုတို့၏ ပြောကြားချက်များကို မိမိတို့နိုင်ငံရေး အမြတ်ထုတ်ရန် ကြိုးပမ်းသည့် မဟုတ်မမှန်သော ဝေဖန်ချက်များအဖြစ် ပြင်းပြင်းထန်ထန် ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ ပြင်သစ်အာဏာပိုင်များအနေဖြင့် လာမည့် သီတင်းပတ်ကုန်တွင် ဖြစ်ပေါ်လာနိုင်သည့် ကြီးမားသော ဆန္ဒပြမှုများအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် အများအပြား ချထားပေးမည်ဟု ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ၂၀၂၆ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးဆန်ဆု ရရှိခဲ့သည့် “မြန်မာပေါ်ဆန်း” ကို စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအား နိုင်ငံတော်သမ္မတက ဂုဏ်ပြု
Next post မြန်မာ့ပညာရေးအဆင့်အတန်း မြင့်မားလာစေရေး နှစ် ၃၀ အမျိုးသားပညာရေးစီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်နေ