// | DailyBriefNews ဖက်ဒရယ်စနစ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အချက်များကို နိုင်ငံရေးပါတီများ ဆွေးနွေး -

ဖက်ဒရယ်စနစ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အချက်များကို နိုင်ငံရေးပါတီများ ဆွေးနွေး

အောက်တိုဘာလ ၂၁ ရက်၊ ၂၀၂၆

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရများအကြား အာဏာခွဲဝေမှု၊ လုပ်ငန်းတာဝန် သတ်မှတ်မှုနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ ကိုယ်စားလှယ်များက အောက်တိုဘာ ၂၀ ရက်နံနက်ပိုင်းတွင် နေပြည်တော်၌ ဆွေးနွေးခဲ့ကြသည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန (ရုံးအမှတ် ၂၀) ၌ ကျင်းပသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့တွင် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း (ငြိမ်း) က ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးတွင် နိုင်ငံရေးကျင့်စဉ်နှင့် အာဏာခွဲဝေမှုတို့သည် လွန်စွာအရေးကြီးကြောင်းနှင့် ဖက်ဒရယ်ဆိုင်ရာ အချက်များကို ကျယ်ကျယ်ပြန့်ပြန့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်းကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပေါ်တူဂီနှင့် စပိန်နိုင်ငံတို့တွင် အိမ်ရာအကျပ်အတည်းနှင့် ပတ်သက်သည့် ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေ
Next post မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ် ၃၀ ဦး ဗီယက်နမ်နိုင်ငံသို့ လေ့လာရေးခရီး ထွက်ခွာ