ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ဘယ်လာရုစ်နိုင်ငံသို့ ရောက်ရှိပြီး “Nesvizh” ပြတိုက်သို့ သွားရောက်လေ့လာ

အောက်တိုဘာလ ၂၁ ရက်၊ ၂၀၂၆
ဘယ်လာရုစ်သမ္မတနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ မစ္စစ် နာတာလျာ ကိုချန်နိုဗာ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၂၀ ရက် ဒေသစံတော်ချိန် နံနက်ပိုင်းက ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။
လေဆိပ်တွင် ပြည်ထောင်စုလွှတ်တော်နာယကနှင့်အဖွဲ့အား ဘယ်လာရုစ်နိုင်ငံ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ Mr. Igor Brylevich၊ တာဝန်ရှိသူများနှင့် ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမောင်မောင်စိုးတို့က ကြိုဆိုခဲ့ကြသည်။ ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုလွှတ်တော်နာယកနှင့်အဖွဲ့သည် ဘယ်လာရုစ်နိုင်ငံ၊ ညှက်စဘစ်ရှ် (Nesvizh) မြို့ရှိ National Historical and Cultural Museum-Reserve “Nesvizh” ပြတိုက်သို့ သွားရောက်၍ ယဉ်ကျေးမှုနှင့် သမိုင်းဆိုင်ရာ အဆောက်အအုံများကို လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြသည်။
