အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)၌ ရိုမက်နည်းပညာသုံး သံရည်ကျိုမီးဖိုအလုပ်ရုံကို ရုရှားနိုင်ငံ၏ ထောက်ပံ့ကူညီမှုဖြင့် ဆောင်ရွက်သွားမည်

အောက်တိုဘာလ ၁၉ ရက်၊ ၂၀၂၆
အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)မှာ ရိုမက်နည်းပညာသုံး သံရည်ကျိုမီးဖိုအလုပ်ရုံကို ရုရှားနိုင်ငံရဲ့ ထောက်ပံ့ကူညီမှုနဲ့ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ရိုမက်နည်းပညာသုံး သံရည်ကျိုမီးဖို လည်ပတ်နိုင်ရေးနဲ့စပ်လျဉ်းတဲ့ ညှိနှိင်းအစည်းအဝေးမှသိရပါတယ်။
အဆိုပါညှိနှိင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက အဆိုပါစက်ရုံမှာကျင်းပခဲ့ပြီး အစည်းအဝေးမှာ စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက သံရည်ကျိုမီးဖိုအလုပ်ရုံကို ရုရှားနိုင်ငံရဲ့ ထောက်ပံ့ကူညီမှုနဲ့ ဆောင်ရွက်သွားမည်ဖြစ်ပြီး TPE ကုမ္ပဏီနဲ့ချုပ်ဆိုမယ့် စာချုပ်ဆိုင်ရာ အချက်အလက်များကို စနစ်တကျစိစစ်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် စီမံကိန်းလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ပကျွမ်းကျင်ပညာရှင်များ စစ်ဆေးခဲ့တဲ့ အစီရင်ခံစာနဲ့စာချုပ်မူကြမ်းတို့ကို တိုက်ဆိုင်စစ်ဆေးရန်လည်း မှာကြားခဲ့ကြောင်း သိရပါတယ်။
