// | DailyBriefNews ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၂,၄၀၀ ကျော် ပါဝင်ယှဉ်ပြိုင်မည် -

ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၂,၄၀၀ ကျော် ပါဝင်ယှဉ်ပြိုင်မည်

အောက်တိုဘာလ ၁၉ ရက်၊ ၂၀၂၆

အောက်တိုဘာလ ၂၁ ရက်မှ ၂၉ ရက်အထိ ကျင်းပမည့် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၂,၄၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများကို ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက အောက်တိုဘာ ၁၈ ရက်က သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။

ဒုတိယသမ္မတသည် MICC-I၊ အမျိုးသားစာကြည့်တိုက်၊ အမျိုးသားပြတိုက်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ သွားရောက်ကာ ပြိုင်ပွဲကျင်းပမည့်နေရာများ၏ ပြင်ဆင်ထားရှိမှုကို စစ်ဆေးခဲ့ပြီး ဖွင့်ပွဲအခမ်းအနား အစီအစဉ်များကို စနစ်တကျ ပြင်ဆင်ရန်၊ ဖျော်ဖြေရေးအဖွဲ့များ အဆင်ပြေချောမွေ့စွာ တင်ဆက်နိုင်ရေး ကြိုတင်ဇာတ်တိုက်ရန်နှင့် အသံ၊ မီး၊ LED Display စနစ်များ အမှားအယွင်းမရှိစေရန် မှာကြားခဲ့ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဖြစ်ရပ်မှန်ကို အခြေခံထားသည့် ဟဲဗီးဒရာမာဇာတ်လမ်းပုံစံ “လွှာလှပ်လွင့်ဝါ” ရုပ်ရှင်ဇာတ်ကားကြီး၏ Family Show ပွဲအခမ်းအနား ကျင်းပ
Next post အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)၌ ရိုမက်နည်းပညာသုံး သံရည်ကျိုမီးဖိုအလုပ်ရုံကို ရုရှားနိုင်ငံ၏ ထောက်ပံ့ကူညီမှုဖြင့် ဆောင်ရွက်သွားမည်