// | DailyBriefNews နိုင်ငံတော်သမ္မတ တနင်္သာရီတိုင်းဒေသကြီးမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် MSME စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံ -

နိုင်ငံတော်သမ္မတ တနင်္သာရီတိုင်းဒေသကြီးမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် MSME စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံ

အောက်တိုဘာလ ၁၄ ရက်၊ ၂၀၂၆

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းတွင် ထားဝယ်မြို့၊ ပုလဲဧကရီခန်းမ၌ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးမှာကြားခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတက နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည် တည်ငြိမ်အေးချမ်းမှု ရရှိရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု ရရှိရေးဟူသည့် ဦးစားပေး ရည်မှန်းချက်နှစ်ရပ်ကို ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကာကွယ်ရေးဝန်ကြီးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး အမည်စာရင်းများ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း
Next post နိုင်ငံတော်သမ္မတ ထားဝယ်မြို့ နယ်မြေခံတပ်မတော်ဆေးရုံ၌ ဆေးကုသမှုခံယူနေသူများအား သွားရောက်ကြည့်ရှုအားပေး