// | DailyBriefNews ကာကွယ်ရေးဝန်ကြီးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး အမည်စာရင်းများ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း -

ကာကွယ်ရေးဝန်ကြီးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး အမည်စာရင်းများ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း

photo_2026-10-12_14-53-18

အောက်တိုဘာလ ၁၃ ရက်၊ ၂၀၂၆

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာ ကိုကိုလွင်တို့အား ခန့်အပ်တာဝန်ပေးရန် အမည်စာရင်း ပေးပို့ထားကြောင်း အောက်တိုဘာ ၁၂ ရက်တွင် ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက ဖတ်ကြားခဲ့သည်။

အဆိုပြုတင်ပြထားသည့် ပြည်ထောင်စုဝန်ကြီး နှစ်ဦးနှင့် ပတ်သက်၍ အတည်ပြုခန့်အပ်မှု သို့မဟုတ် ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အဆိုတင်သွင်းမှုကို လွှတ်တော် ပဉ္စမနေ့တွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လွှတ်တော်နာယကက ပြောကြားခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် ယခင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၁) တို့၏ ပြည်ထောင်စုဝန်ကြီး တာဝန်များအပြင် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပြီး လက်ရှိတွင် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နိုင်ငံတော်သမ္မတ လောကမာရဇိန်ရုပ်ပွားတော်မြတ်ကြီးနှင့် ရွှေတောင်စားစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်
Next post နိုင်ငံတော်သမ္မတ တနင်္သာရီတိုင်းဒေသကြီးမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် MSME စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံ