// | DailyBriefNews နိုင်ငံတော်သမ္မတ လောကမာရဇိန်ရုပ်ပွားတော်မြတ်ကြီးနှင့် ရွှေတောင်စားစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော် -

နိုင်ငံတော်သမ္မတ လောကမာရဇိန်ရုပ်ပွားတော်မြတ်ကြီးနှင့် ရွှေတောင်စားစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်

အောက်တိုဘာလ ၁၃ ရက်၊ ၂၀၂၆

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အောက်တိုဘာ ၁၂ ရက်နေ့တွင် ထားဝယ်မြို့ ကျက်သရေဆောင် လောကမာရဇိန်ရုပ်ပွားတော်မြတ်ကြီးနှင့် ရွှေတောင်စားစေတီတော်မြတ်ကြီးသို့ သွားရောက် ဖူးမြော်ကြည်ညိုခဲ့သည်။

ဖူးမြော်စဉ် နိုင်ငံတော်သမ္မတသည် လောကမာရဇိန် ရုပ်ပွားတော်မြတ်ကြီး ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုး ပူဇော်ခဲ့ပြီး ဘက်စုံအလှူငွေများ ပေးအပ်လှူဒါန်းခဲ့ရာ ဂေါပကအဖွဲ့ တာဝန်ရှိသူများက လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နိုင်ငံတော်သမ္မတ ထားဝယ်မြို့ မိုးလုံလေလုံ အားကစားရုံ တည်ဆောက်မည့်နေရာ ကြည့်ရှုစစ်ဆေး
Next post ကာကွယ်ရေးဝန်ကြီးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး အမည်စာရင်းများ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း