// | DailyBriefNews နိုင်ငံတော်သမ္မတ ရွှေဝယ်သီရိအားကစားကွင်း တည်ဆောက်ရေးလုပ်ငန်းများနှင့် ထားဝယ်မြို့အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး -

နိုင်ငံတော်သမ္မတ ရွှေဝယ်သီရိအားကစားကွင်း တည်ဆောက်ရေးလုပ်ငန်းများနှင့် ထားဝယ်မြို့အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး

အောက်တိုဘာလ ၁၃ ရက်၊ ၂၀၂၆

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အောက်တိုဘာ ၁၂ ရက်နေ့တွင် ထားဝယ်မြို့ရှိ ရွှေဝယ်သီရိအားကစားကွင်း၌ ပွဲကြည့်စင်အသစ် တည်ဆောက်ရန် လျာထားဆောင်ရွက်နေမှု အခြေအနေများနှင့် အားကစားကွင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

စစ်ဆေးစဉ် နိုင်ငံတော်သမ္မတက ပွဲကြည့်စင်အသစ် တည်ဆောက်ရာတွင် စနစ်တကျဖြစ်စေရေးနှင့် အားကစားကွင်းအား စဉ်ဆက်မပြတ် ထိန်းသိမ်းသွားနိုင်ရေးတို့အတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် ထားဝယ်မြို့အတွင်းနှင့် ကမ်းနားလမ်းတစ်လျှောက် မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နိုင်ငံတော်သမ္မတ ထားဝယ်မြို့ရှိ ရွှေဝယ်သီရိပညာဗိမာန် စာကြည့်တိုက်အား ကြည့်ရှုစစ်ဆေး
Next post နိုင်ငံတော်သမ္မတ တနင်္သာရီတိုင်းဒေသကြီး ယဉ်ကျေးမှုပြတိုက်အား ကြည့်ရှုစစ်ဆေး