// | DailyBriefNews ၂၀၂၆ ခုနှစ် ရူပဗေဒနိုဘယ်ဆုကို ဘယ်လ်ဂျီယံ သိပ္ပံပညာရှင် ဖရန်စစ် ဟယ်လ်ဇန် ရရှိ -

၂၀၂၆ ခုနှစ် ရူပဗေဒနိုဘယ်ဆုကို ဘယ်လ်ဂျီယံ သိပ္ပံပညာရှင် ဖရန်စစ် ဟယ်လ်ဇန် ရရှိ

အောက်တိုဘာလ ၇ ရက်၊ ၂၀၂၆

စွမ်းအင်မြင့် နျူထရီနို (Neutrino) အမှုန်များကို လေ့လာထောက်လှမ်းနိုင်ရေးအတွက် အရေးပါသည့် သုတေသနပံ့ပိုးမှုများ ပြုလုပ်ခဲ့သူ ဘယ်လ်ဂျီယံ သိပ္ပံပညာရှင် ဖရန်စစ် ဟယ်လ်ဇန် (Francis Halzen) သည် ၂၀၂၆ ခုနှစ်အတွက် ရူပဗေဒနိုဘယ်ဆု (Nobel Prize in Physics) ကို ဆွတ်ခူးရရှိသွားကြောင်း ဆွီဒင်တော်ဝင်သိပ္ပံအကယ်ဒမီက အောက်တိုဘာ ၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ပါမောက္ခ ဟယ်လ်ဇန်သည် တောင်ဝင်ရိုးစွန်းရှိ ရေခဲထုကို အသုံးပြု၍ IceCube စနစ်ဖြင့် စကြဝဠာအတွင်းမှ စွမ်းအင်အလွန်မြင့်မားသည့် ဖြစ်စဉ်များအကြောင်းကို နျူထရီနိုအမှုန်များမှတစ်ဆင့် လေ့လာထောက်လှမ်းနိုင်ရေး ဦးဆောင်လမ်းဖွင့်ပေးခဲ့သူ ဖြစ်ပါတယ်။ ၎င်း၏ ဇွဲလုံလနှင့် သိပ္ပံဆိုင်ရာ အမြော်အမြင်တို့ကြောင့် နက္ခတ္တဗေဒ လေ့လာမှု နည်းလမ်းသစ်တစ်ခု ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ကြောင်း နိုဘယ်ရူပဗေဒဆု ရွေးချယ်ရေးကော်မတီက ပြောကြားခဲ့ပါတယ်။

လက်ရှိတွင် အမေရိကန်နိုင်ငံ ဝစ္စကွန်ဆင်-မက်ဒီဆင်တက္ကသိုလ်၌ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသူ ဟယ်လ်ဇန်သည် ဆေးပညာနိုဘယ်ဆုပြီးနောက် ယခုနှစ်၏ ဒုတိယမြောက် နိုဘယ်ဆုရှင် ဖြစ်လာခဲ့ပြီး၊ ကျန်ရှိသည့် ဓာတုဗေဒ၊ စာပေ၊ ငြိမ်းချမ်းရေးနှင့် စီးပွားရေး နိုဘယ်ဆုရှင်များကိုလည်း ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်ရာ ငြိမ်းချမ်းရေးနိုဘယ်ဆုကို အောက်တိုဘာ ၉ ရက်နေ့တွင် ကြေညာသွားမည်ဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post RomCom Vibe ဇာတ်လမ်းပုံစံ “လွန်းအိမ်ဆည်” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲ ကျင်းပ
Next post နိုင်ငံတော်သမ္မတ ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် ရောက်ရှိ