// | DailyBriefNews RomCom Vibe ဇာတ်လမ်းပုံစံ "လွန်းအိမ်ဆည်" ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲ ကျင်းပ -

RomCom Vibe ဇာတ်လမ်းပုံစံ “လွန်းအိမ်ဆည်” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲ ကျင်းပ

အောက်တိုဘာလ ၇ ရက်၊ ၂၀၂၆

Bellarie နှင့် H&L Lin Production တို့ ပူးပေါင်းတင်ဆက်သည့် Romantic Comedy (RomCom) အမျိုးအစား “လွန်းအိမ်ဆည်” ရုပ်ရှင်ဇာတ်ကားကြီး၏ Premiere Show ပွဲအခမ်းအနားကို အောက်တိုဘာ ၆ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ ရှိ သမ္မတရုပ်ရှင်ရုံ၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း Kခိုင်၊ ဇာတ်ညွှန်းနှင့် ဒါရိုက်တာ အိအိခိုင် က ပင်းတယဒေသ၏ ရှုခင်းလှလှများတွင် ရိုက်ကူးပုံဖော်ခဲ့ခြင်းဖြစ်ပြီး သရုပ်ဆောင်များအဖြစ် ပိုင်တံခွန်၊ စိုင်းစည်တွမ်ခမ်း၊ ယွန်းဝတီလွင်မိုး၊ ချောရတနာ တို့နှင့်အတူ ဧည့်သည်သရုပ်ဆောင် လွင်မိုး၊ အင်ကြင်းဖူး၊ လျှန်ထက်အောင်၊ လွန်းခြယ် စသည့် အနုပညာရှင်များစွာ ပါဝင်ထားကြပါတယ်။

RomCom ပုံစံ ချစ်စရာကောင်းသည့် “လွန်းအိမ်ဆည်” ရုပ်ရှင်ဇာတ်ကားကြီးကို လာမည့် အောက်တိုဘာလ ၉ ရက်နေ့မှစ၍ မြန်မာတစ်ပြည်လုံးရှိ ရုပ်ရှင်ရုံများတွင် ရုံတင်ပြသသွားမည်ဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post သာကေတမြို့နယ်တွင် ငွေကျပ် သိန်း ၂၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
Next post ၂၀၂၆ ခုနှစ် ရူပဗေဒနိုဘယ်ဆုကို ဘယ်လ်ဂျီယံ သိပ္ပံပညာရှင် ဖရန်စစ် ဟယ်လ်ဇန် ရရှိ