// | DailyBriefNews သာကေတမြို့နယ်တွင် ငွေကျပ် သိန်း ၂၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ -

သာကေတမြို့နယ်တွင် ငွေကျပ် သိန်း ၂၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

IMG_20261006_222738_643

အောက်တိုဘာလ ၇ ရက်၊ ၂၀၂၆

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်အတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က သတင်းအရ ဝင်ရောက်ရှာဖွေရာမှ ငွေကျပ် ၂၁၉၇ ဒသမ ၅ သိန်း တန်ဖိုးရှိ WY စိတ်ကြွဆေးပြားများနှင့် အိုက်စ် (မက်သ်အဖက်တမင်း) မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar က အောက်တိုဘာ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၆ ရက် ညနေ ၅ နာရီခန့်တွင် သာကေတမြို့နယ်၊ ၁/ထူပါရုံရပ်ကွက်၊ ဇင်္ဂမလမ်း၌ လမ်းလျှောက်လာသူ သန်းထွေး (ခ) နိုင်ဦး အား စစ်ဆေးရှာဖွေရာမှ ငွေကျပ် သိန်း ၁၃၅၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၉၀,၀၀၀ ပြား သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ပါတယ်။

ထို့နောက် ကွင်းဆက်အရ ညနေ ၅ နာရီခွဲတွင် သာကေတမြို့နယ်၊ အမှတ် (၅) ရပ်ကွက်ရှိ ကျော်ကျော်လွင် (ခ) ကျော်လွင် ၏ နေအိမ်ကို ဆက်လက်ရှာဖွေရာ ၎င်းနှင့်အတူ အောင်ရဲဖြိုး (ခ) အောင်လေး တို့အား တွေ့ရှိခဲ့ပြီး နေအိမ်အတွင်းမှ ငွေကျပ် ၈၄၇ ဒသမ ၅ သိန်း တန်ဖိုးရှိ အိုက်စ် မူးယစ်ဆေးဝါး အလေးချိန် ၃ ဒသမ ၃၉ ကီလိုနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်။

လက်ရှိတွင် သန်းထွေး (၄၉ နှစ်)၊ ကျော်ကျော်လွင် (၅၃ နှစ်) နှင့် အောင်ရဲဖြိုး (၃၁ နှစ်) တို့ ၃ ဦးအား သာကေတမြို့မရဲစခန်း၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များကို ဆက်လက် ဖော်ထုတ်လျက်ရှိကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နိုင်ဂျီးရီးယား စစ်ဘက်လေယာဉ် ပျက်ကျမှုကြောင့် လိုက်ပါသွားသူ ၃၂ ဦးစလုံး သေဆုံး
Next post RomCom Vibe ဇာတ်လမ်းပုံစံ “လွန်းအိမ်ဆည်” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲ ကျင်းပ