နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုဝန်ကြီးများ၊ ဝန်ကြီးချုပ်များနှင့် နိုင်ငံတော်သမ္မတ တွေ့ဆုံလမ်းညွှန်

အောက်တိုဘာလ ၆ ရက်၊ ၂၀၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရပါတယ်။


တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတက လာမည့် မိုးရာသီမတိုင်မီအထိ အယ်လ်နီညို ရာသီဥတုဒဏ်ကို ကျော်ဖြတ်နိုင်ရေးအတွက် သောက်သုံးရေနှင့် စိုက်ပျိုးရေများ စနစ်တကျ ထိန်းသိမ်းခြင်း၊ အပူရှောင်စခန်းများ ဖွင့်လှစ်ခြင်း၊ ဆည်/တာတမံများ၌ ရေစုဆောင်း၍ မလိုလားအပ်ဘဲ ရေဆုံးရှုံးမှုမရှိအောင် ဆောင်ရွက်ခြင်း၊ တာရှည်ခံ စားသောက်ကုန်များ စုဆောင်းထားရှိခြင်း၊ သီးနှံများ တိုးချဲ့စိုက်ပျိုးခြင်းနှင့် မွေးမြူရေးလုပ်ငန်းများ စဉ်ဆက်မပြတ် စီမံဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါတယ်။

ထို့ပြင် လက်ရှိတွင် ပြည်ပဈေးကွက် လိုအပ်ချက် မြင့်မားစွာ ရှိနေသဖြင့် နိုင်ငံ့စီးပွားရေး အားကောင်းလာစေရန် မှန်မှန်ကန်ကန်နှင့် ကြိုးကြိုးစားစား အလုပ်လုပ်ကြရန် လိုအပ်ကြောင်းကိုလည်း နိုင်ငံတော်သမ္မတက ထည့်သွင်းလမ်းညွှန်ခဲ့သည်ဟု သတင်းရရှိပါတယ်။

