// | DailyBriefNews ထားဝယ်ခရိုင် ရေဘေးအတွက် ဘန်ကောက်ဖျော်ဖြေပွဲမှ ရရှိသည့် အနုပညာကြေး ကျပ်သိန်း ၁၃၀ စိုင်းစိုင်းခမ်းလှိုင် လှူဒါန်း -

ထားဝယ်ခရိုင် ရေဘေးအတွက် ဘန်ကောက်ဖျော်ဖြေပွဲမှ ရရှိသည့် အနုပညာကြေး ကျပ်သိန်း ၁၃၀ စိုင်းစိုင်းခမ်းလှိုင် လှူဒါန်း

အောက်တိုဘာလ ၁ ရက်၊ ၂၀၂၆

အဆိုတော် စိုင်းစိုင်းခမ်းလှိုင်သည် ထားဝယ်ခရိုင်အတွင်း ကြုံတွေ့နေရသည့် ရေဘေးသင့် ပြည်သူများအတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဖျော်ဖြေပွဲမှ ရရှိခဲ့သော အနုပညာကြေး ကျပ်သိန်း ၁၃၀ တိတိကို သရုပ်ဆောင် ဝင့်ယမုံနိုင်နှင့် အဖွဲ့ထံသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

အဆိုပါ လှူဒါန်းငွေများကို ထားဝယ်ခရိုင် ရေဘေးသင့်ဒေသများသို့ ကိုယ်တိုင်သွားရောက် ကူညီလှူဒါန်းမည်ဖြစ်သည့် သရုပ်ဆောင် ဝင့်ယမုံနိုင်နှင့် အဖွဲ့ထံ ထည့်ဝင်လှူဒါန်းခဲ့ခြင်း ဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်သည် စက်တင်ဘာလ ၂၆ ရက်က ဘန်ကောက်မြို့ Phenix Mall ၌ ရဲလေး၊ ဘန်နီဖြိုး၊ Bobby Soxer တို့နှင့်အတူ “A Night in Bangkok” ဖျော်ဖြေပွဲ ကျင်းပခဲ့ပြီး အဆိုပါပွဲမှ ရရှိသည့် အနုပညာကြေးများကို ထားဝယ်ခရိုင်အတွင်း ဖြစ်ပွားခဲ့သော ရေကြီးမှုနှင့် မြေပြိုမှု ဘေးဒဏ်ခံရသူများအတွက် ယခုကဲ့သို့ ပါဝင်ထောက်ပံ့ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post DMZ အတွင်း မိုင်းပေါက်ကွဲမှုအတွက် တောင်းပန်ရန် တောင်ကိုရီးယား၏ တောင်းဆိုမှုကို မြောက်ကိုရီးယား ပယ်ချ
Next post အီရတ်မှ အမေရိကန်တပ်ဖွဲ့များ ရုပ်သိမ်းမှုကြောင့် လုံခြုံရေး လစ်လပ်မှုနှင့် အီရန် ကျောထောက်နောက်ခံပြု အဖွဲ့များ၏ ခြိမ်းခြောက်မှုအပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်