ထိုင်း၊ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့တွင် ရေကြီးရေလျှံမှုများကြောင့် လူ ၁၃၀ နီးပါး သေဆုံး





အောက်တိုဘာလ ၁ ရက်၊ ၂၀၂၆
စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း ထိုင်း၊ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့၌ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ အနည်းဆုံး လူပေါင်း ၁၃၀ ဦး သေဆုံးပြီး လူသန်းပေါင်းများစွာ ရေဘေးထိခိုက်ခဲ့ကြောင်း တူရကီနိုင်ငံ၊ အနာဒိုလူသတင်းဌာန (AA) က စက်တင်ဘာလ ၂၉ ရက်တွင် ဖော်ပြခဲ့ပါတယ်။
ထိုင်းနိုင်ငံတွင် ဘန်ကောက်မြို့အပါအဝင် ပြည်နယ် ၂၉ ခု၌ ရေကြီးရေလျှံမှုကြောင့် လူ ၂၃ ဦး သေဆုံးပြီး ပြည်သူ ၂.၆ သန်းကျော် ထိခိုက်ခဲ့ပါတယ်။ အလားတူ ထိုင်းနိုင်ငံဘက်မှ ရွေ့လျားလာသည့် လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၌ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုများနှင့် ရေကြီးမှုများဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၆ ဦး သေဆုံးကာ ၃၀ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရပါတယ်။ ထို့ပြင် အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနည်းဆုံး လူ ၈၁ ဦး သေဆုံးပြီး ၆၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
လက်ရှိတွင် သက်ဆိုင်ရာ နိုင်ငံအလိုက် အာဏာပိုင်များက ရေဘေးသင့်ဒေသများ၌ ကူညီကယ်ဆယ်ရေး၊ ရေစုပ်ထုတ်ပေးရေးနှင့် အပျက်အစီး စာရင်းယူဆန်းစစ်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါတယ်။
