// | DailyBriefNews နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်များသို့ သွားရောက်ကြည့်ရှုစစ်ဆေး -

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်များသို့ သွားရောက်ကြည့်ရှုစစ်ဆေး

စက်တင်ဘာလ ၂၈ ရက်၊ ၂၀၂၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ ခြံရံလျက် စက်တင်ဘာလ ၂၈ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံတက္ကသိုလ်၊ ဆေးတက္ကသိုလ် (၁) နှင့် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) တို့သို့ သွားရောက်လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတက တက္ကသိုလ်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ပညာရေးတွင် ရင်းနှီးမြှုပ်နှံခြင်းသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်နိုင်ငံတော်ကောင်းကို ပုံဖော်တည်ဆောက်နေခြင်းပင် ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါတယ်။ ထို့ကြောင့် နိုင်ငံတော်အတွက် အသိပညာ၊ အတတ်ပညာ ပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများကို တက္ကသိုလ်များမှ စဉ်ဆက်မပြတ် မွေးထုတ်ပေးသွားရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်ဟု သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နိုင်ငံတော်သြဝါဒါစရိယ၊ ရွှေကျင်နိကာယ ရတ္တညူမဟာနာယက၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမ အဂ္ဂိဈာပန သာဓုကီဠန ပူဇာသဘင်အခမ်းအနား ကျင်းပပြုလုပ်
Next post ထားဝယ်တွင် နှစ်ပေါင်း ၈၀ အတွင်း မိုးရေချိန် စံချိန်သစ်တင်ခဲ့ပြီး လေဖိအားနည်းရပ်ဝန်းကြောင့် တိုင်းနှင့် ပြည်နယ်အချို့၌ မိုးကြီးနိုင်ဟု မိုး/ဇလ ထုတ်ပြန်