၂၀ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့တက်ဂ်ဘောအဖွဲ့ ဂျပန်နိုင်ငံသို့ ထွက်ခွာ

စက်တင်ဘာလ ၁၅ ရက်၊ ၂၀၂၆
ဂျပန်နိုင်ငံ အိုင်ချီ-နာဂိုယာမြို့၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games 2026) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံ တက်ဂ်ဘော (Teqball) အားကစားအဖွဲ့သည် စက်တင်ဘာလ ၁၄ ရက်တွင် ဂျပန်နိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားခဲ့ကြောင်း သိရပါတယ်။


ယခုနှစ် အာရှအားကစားပြိုင်ပွဲတွင် တက်ဂ်ဘောအားကစားနည်းကို ပထမဆုံးအကြိမ် တရားဝင် ထည့်သွင်းကျင်းပခြင်းဖြစ်ပြီး မြန်မာ့လက်ရွေးစင် တက်ဂ်ဘောအဖွဲ့သည် ဆုတံဆိပ် ဆွတ်ခူးနိုင်ရေးအတွက် ထိုင်းနိုင်ငံသား နည်းပြချုပ်၏ ဦးဆောင်မှုဖြင့် စနစ်တကျ ပြင်ဆင်လေ့ကျင့်ခဲ့ကြပါတယ်။ Nagoya Arena ၌ စက်တင်ဘာလ ၁၇ ရက်မှ ၂၀ ရက်အထိ ကျင်းပမည့် ပြိုင်ပွဲများအတွက် ကွင်းနှင့် ရာသီဥတုအခြေအနေများ ကျင့်သားရစေရန် ကြိုတင် ထွက်ခွာသွားခြင်း ဖြစ်ပါတယ်။

ယခုနှစ် ဂျပန်အာရှပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် တက်ဂ်ဘော အပါအဝင် ပိုက်ကျော်ခြင်း၊ အမျိုးသမီးဘောလုံး၊ အီးစပေါ့ (Esports) နှင့် ဂျွမ်းဘား စသည့် အားကစားနည်း ၅ မျိုးဖြင့် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
