// | DailyBriefNews ကမ္ဘောဒီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ ပြန်လည်ရောက်ရှိ -

ကမ္ဘောဒီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ ပြန်လည်ရောက်ရှိ

စက်တင်ဘာလ ၁၃ ရက်၊ ၂၀၂၆

ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) သွားရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၁၂ ရက် ညနေပိုင်းတွင် ဆီရမ်ရိမြို့ရှိ Siem Reap Angkor အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာလာရာ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရပါတယ်။

အဆိုပါ နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်လေဆိပ်၌ ပြည်ထောင်စုအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ရန်ကုန်မြို့အခြေစိုက် ကမ္ဘောဒီးယားနိုင်ငံ သံရုံးမှ တာဝန်ရှိသူများက သွားရောက် ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post **နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ထွက်ခွာ**
Next post Mister International 2026 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် Mister Myanmar 2026 ယုဂံ ထိုင်းနိုင်ငံသို့ ထွက်ခွာ