// | DailyBriefNews နိုင်ငံတော်သမ္မတ ကမ္ဘောဒီးယားနိုင်ငံရှိ မြန်မာသံရုံး၊ စစ်သံရုံး ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ပညာတော်သင်များအား တွေ့ဆုံ -

နိုင်ငံတော်သမ္မတ ကမ္ဘောဒီးယားနိုင်ငံရှိ မြန်မာသံရုံး၊ စစ်သံရုံး ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ပညာတော်သင်များအား တွေ့ဆုံ

စက်တင်ဘာလ ၁၂ ရက်၊ ၂၀၂၆

ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် စက်တင်ဘာလ ၁၂ ရက် နံနက်ပိုင်းတွင် ဖနွမ်းပင်မြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံးမှ သံအမတ်ကြီး၊ သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ပညာတော်သင်များအား သွားရောက်တွေ့ဆုံကာ ဩဝါဒစကား ပြောကြားခဲ့ကြောင်း သိရပါတယ်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် အဆင့်မြင့် တာဝန်ရှိသူများ၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ သံရုံးနှင့် စစ်သံရုံး ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ပညာတော်သင်များ တက်ရောက်ခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဖနွမ်းပင်မြို့ရှိ Preah Sihamoniraja ဗုဒ္ဓတက္ကသိုလ်သို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညို
Next post နိုင်ငံတော်သမ္မတ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌ မြန်မာသံရုံး၏ မြေကွက်နေရာသစ်အား ကြည့်ရှုစစ်ဆေး