// | DailyBriefNews BRICS ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ရုရှားသမ္မတ ပူတင် အိန္ဒိယသို့ ရောက်ရှိ -

BRICS ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ရုရှားသမ္မတ ပူတင် အိန္ဒိယသို့ ရောက်ရှိ

စက်တင်ဘာလ ၁၁ ရက်၊ ၂၀၂၆

ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် အဖွဲ့ဝင် ၁၁ နိုင်ငံ ပါဝင်သည့် BRICS ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန်အတွက် စက်တင်ဘာလ ၁၁ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်ရှိ ဖလမ်း လေတပ်စခန်းသို့ ရောက်ရှိလာခဲ့ရာ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ကီရာ တီဗာဒန်ဆင်း က ကြိုဆိုခဲ့ကြောင်း ရုရှားသတင်းအေဂျင်စီ Ria Novosti ၏ ဖော်ပြချက်အရ သိရပါတယ်။

နှစ်ရက်ကြာ ကျင်းပမည့် အဆိုပါ BRICS ထိပ်သီးအစည်းအဝေးအတွင်း ရုရှားသမ္မတ ပူတင်နှင့် အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန် တို့သည် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီနှင့် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ပါတယ်။ ထို့ပြင် ၂၀၁၉ ခုနှစ်နောက်ပိုင်း အိန္ဒိယနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်သည့် ခရီးစဉ်အဖြစ် တရုတ်သမ္မတ ရှီကျင့်ဖျင် လည်း တက်ရောက်မည်ဖြစ်ပြီး ဝန်ကြီးချုပ် မိုဒီနှင့် သီးသန့်တွေ့ဆုံ ဆွေးနွေးဖွယ် ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဆီးရီးယား၌ လက်နက်ဂိုဒေါင် ပေါက်ကွဲမှုကြောင့် လူ ၁၄ ဦး သေဆုံး
Next post Benjamin Sesko ၏ ခြေစွမ်းပြမှုနှင့်အတူ မန်ယူအသင်း၏ ချန်ပီယံလိဂ် ပွဲစဉ်တွင် အနိုင်ရ