// | DailyBriefNews အသက် ၄၅ နှစ်ပြည့် မွေးနေ့တွင် ဇီဝိတဒါနသံဃာ့ဆေးရုံကြီး၌ ဆေးပဒေသာပင်အတွက် ကျပ်သိန်း ၅၀ မတည်လှူဒါန်းခဲ့သည့် နေတိုး -

အသက် ၄၅ နှစ်ပြည့် မွေးနေ့တွင် ဇီဝိတဒါနသံဃာ့ဆေးရုံကြီး၌ ဆေးပဒေသာပင်အတွက် ကျပ်သိန်း ၅၀ မတည်လှူဒါန်းခဲ့သည့် နေတိုး

စက်တင်ဘာလ ၁၀ ရက်၊ ၂၀၂၆

မြန်မာ့ရုပ်ရှင်လောက၏ ထိပ်တန်း အကယ်ဒမီ သရုပ်ဆောင် မင်းသား နေတိုးသည် စက်တင်ဘာလ ၉ ရက်နေ့တွင် ကျရောက်သည့် ၎င်း၏ အသက် ၄၅ နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ် ရန်ကုန်မြို့ရှိ ဇီဝိတဒါနသံဃာ့ဆေးရုံကြီးတွင် ဆေးပဒေသာပင်အတွက် ငွေကျပ် သိန်း ၅၀ မတည်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

အဆိုပါ မွေးနေ့အလှူကို နှစ်ဖက်သော မိဘများနှင့်အတူ ဇနီးဖြစ်သူ သဲစုမြတ်ရွှေ၊ သားဖြစ်သူ ဂုဏ်ရှိန်တိုးတို့နှင့်အတူ မိသားစုလိုက် သွားရောက်လှူဒါန်းခဲ့ခြင်း ဖြစ်ပါတယ်။ အကယ်ဒမီ နေတိုးက “ကျွန်တော့်ရဲ့ မွေးနေ့လေးမှာ ဇီဝိတဒါနသံဃာ့ဆေးရုံကြီးမှာ ငွေကျပ် သိန်း ၅၀ ကို ဆေးပဒေသာပင်အတွက် မတည်အလှူအဖြစ် လှူဒါန်းဖြစ်ပါတယ်ခင်ဗျ။ ဤကောင်းမှုအစုစုအား ခုနှစ်ရက်သားသမီးများအားလုံး ကုသိုလ်အမျှရရှိကြပါစေ” ဟု ပြောကြားခဲ့ပြီး ဇနီးဖြစ်သူကလည်း မွေးနေ့ဆုမွန်ကောင်းများ တောင်းပေးခဲ့ပါတယ်။

အကယ်ဒမီ နေတိုးသည် မြန်မာ့ရုပ်ရှင်လောကတွင် အဓိက အမျိုးသားဇာတ်ဆောင်ဆု ၄ ဆု (၂၀၀၉ ခုနှစ် မိုးညအိပ်မက်ဖြူ၊ ၂၀၁၅ ခုနှစ် နက္ခတ်မှားတဲ့ တိုက်ပွဲ၊ ၂၀၁၇ ခုနှစ် တာတေကြီး၊ ၂၀၂၄ ခုနှစ် နှောင်) အပါအဝင် Star Awards နှင့် Myanmar Pride Award တို့ကိုလည်း ဆွတ်ခူးရရှိထားသည့် ထိပ်တန်းအနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဒရာမာဇာတ်လမ်းပုံစံ “မင်္ဂလာရှိသော သတို့သား” ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေး
Next post နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် စတင်ထွက်ခွာ